EP~9

3.1K 248 17
                                    


sooတကယ်​​ပြော​နေတာပါ ဒီကိစ္စ​တွေမဖြစ်​ခင်​ တစ်​ပတ်​အလိုက sooနဲ့daraတို့​တွေ့ဖြစ်​ကြတယ်​။ တမင်​ဖန်​တီးချိန်းဆိုပြီး​တွေ့တာ​တော့မဟုတ်​ soo​​ကျောင်းသွားရင်းနဲ့အမှတ်​မထင်​​တွေ့ဆုံခြင်းပင်​။ အဲ့တုန်းကသူ​ပြောသွားတဲ့စကားတခွန်း'နင့်​အတွက်​ကံဆိုးမှု​တွေစတင်​​တော့မယ်​။စိတ်​ခိုင်​ခိုင်​ထား​နော်​...' ဆိုတဲ့စကားတစ်​ခွန်းနဲ့အတူ​ကြောက်​စရာ​ကောင်းတဲ့အပြူံးရဲ့အဓိပ္ပါယ်ကိုsooနားမလည်​ခဲ့။ အခု​တော့ရှင်းရှင်းကြီးနားလည်​သွားပြီ။ ဒါ​ပေမယ့်​အမှန်​တရားကို ကိုကိုသိ​အောင်​soo လုပ်​မှာပါ။ sooကိုယ်​တိုင်​စုံစမ်းမှာပါ။ sooငို​နေလို့အလကား။ မျက်​ရည်​​တွေကိုသုတ်​ပစ်​ကာ သူငယ်​ချင်း​တွေဖြစ်​တဲ့luluနဲ့ hun​လေးဆီကအကြံ​တောင်းဖို့အတွက်​ sooထွက်​လာခဲ့သည်​။

➳ ➳ ➳ ➳ ➳

အိပ်​ယာထက်​မှာက​ယောင်​ကတမ်း​အော်​​နေတဲ့ yeolကို daraမျက်​ရည်​စက်​လက်​နှင့်​ကြည့်​မိသည်​။ yeolအခုsooနာမည်​​လေးကို​ရေရွတ်​ပြီး တမ်းတ​နေတာ သူyeolနဲ့sooကိုဒီ​လောက်​ထိလုပ်​ဖို့မရည်​ရွယ်​ခဲ့ပါ။ ဒါ​ပေမယ့်​ကံကြမ္မာကဒီလိုကံဆိုးမှု​တွေကို daraအား ခိုင်း​စေခဲ့သည်​။

daraးးဟုတ်​တယ်​...ကံကြမ္မာ​ကြောင့်​....ဒီလိုဖြစ်​​အောင်​ငါလုပ်​တာမဟုတ်​ဘူး...အားလုံးကကံကြမ္မာရဲ့လှည့်​ကွက်​​တွေပဲ....ငါ့​ကြောင့်​မဟုတ်​ဘူး...

တကယ်​ပဲdaraတ​ယောက်​yeolကိုလိုအပ်​​နေတာပါ။ ဗိုက်​ထဲကက​လေး​လေး​ကြောင့်​ပါ။ ဒီက​လေး​လေး​ကြောင့်​သူ yeolကိုလိုအပ်​တယ်​။ yeolသာsooနဲ့ကွာရှင်းပြီး သူနဲ့အတူ​နေမယ်​ဆိုရင်​ yeol​ပျော်​ရွှင်​မှာပါ။ daraသူ့အ​တွေးနဲ့သူပြုံးလိုက်​ရင်း အိပ်​​ပျော်​​နေတဲ့yeolရဲ့ရင်​ခွင်​ထဲတိုးဝင်​လိုက်​ကာသူလဲအိပ်​စက်​ခြင်းဆီသို့....

➳ ➳ ➳ ➳ ➳

taoရဲ့ဈာပနာ....
dara​ဘေးမှာထိုင်​​နေတဲ့ကို့ကို့ကိုsooလှမ်းကြည့်​လိုက်​​တော့.....ငူငူငိုင်​ငိုင်​ကြီးနဲ့အသိစိတ်​မရှိ​တော့တဲ့လူလိုမျိုး...ပြီး​တော့မ​တွေ့ရတဲ့တစ်​ရက်​​လေးအတွင်းမှာ ​ချောင်းကျသွားတဲ့ကိုကို့မျက်​နှာ​လေးကို လွမ်း​မောစွာ​ငေးကြည့်​မိသည်​။ sooကိုတ​ယောက်​​ယောက်​ကြည့်​​နေတယ်​လို့ခံစားမိ​တော့ ကိုကို့ကိုကြည့်​​နေရာက​နေ​ မျက်​စိနည်းနည်းလှုပ်​ရှားလိုက်​​တော့......ရွံ့စရာအပြုံးမျိုးပြုံးပြ​နေတဲ့dara...'နင်​ကိုကို့ကိုပိုင်​ဆိုင်​ပြီလို့မထင်​လိုက်​နဲ့dara...ဒီ​နေ့ချက်​ချင်းကိုကိုငါ့ဆီကိုပြန်​လာ​အောင်​လုပ်​ပြမယ်​...' soo daraကိုစိုက်​ကြည့်​ပြီး​ စိတ်​ထဲက​နေ​ပြော​နေခြင်းဖြစ်​သည်​။ ထို့အတူdaraသည်​လည်း sooကို ပြန်​စိုက်​ကြည့်​ကာ 'ငါ့ဆီက​နေyeolကိုဘယ်​​တော့မှပြန်​ရမှာမဟုတ်​ဘူး...ကြည့်​​နေလိုက်​...ဒီ​နေ့ကစပြီးတသက်​လုံး...yeolနင့်​ကိုမုန်း​မေ့သွား​စေရမယ်​...' တ​ယောက်​နဲ့တ​ယောက်​မျက်​လုံးခြင်း စကား​ပြော​နေရာမှdaraတ​ယောက်​ ​ခါင်းဆက်​ပြလိုက်​သည်​။ sooကိုသူ့​နောက်​လိုက်​ခဲ့ဆိုတဲ့သ​ဘော​ပေါ့....daraဘာ​ပြောမလဲသိချင်​တာနဲ့sooလဲလိုက်​သွားခဲ့သည်​။ yeol်​ကိုကြည့်​လိုက်​​တော့ ခုနကအတိုင်းမလှုပ်​မယှက်​....

love & hateWhere stories live. Discover now