Ep~19(final)

4.6K 321 16
                                    

finalမို့လို့ ရှည်ရှည်လေးရေးပေးထားတယ်နော် ပြီးတဲ့အထိဖတ်ပေးကြပါ တောင်းဆိုချင်ပါတယ်ရှင်

➳ ➳ ➳ ➳ ➳

မြေအောက်ဘူတာရုံအတွင်းချောင်ကျကျမှာ အိမ်ရာမဲ့လူအများစုနေထိုင်ရာလိုဖြစ်နေသည်။ထိုသူများထဲတွင်ရောနှောနေထိုင်နေသူက dara...အင်္ကျီတွေကဖရိုဖရဲ... ရှုပ်ပွနေသောဆံပင်များနှင့်
daraတစ်ယောက် သူ့အတွက်စက္ကူအခင်းလေးပေါ်တွင် ဒူးကွေးငုတ်တုတ်လေးထိုင်ကာ ဒေါသမျက်ရည်များကျလျှက်... အရင်တုန်းကခင်လှပါတယ်ဆိုတဲ့ သူငယ်ချင်းတွေကလည်း ကူညီဖိုနေနေသာသာ သူအကူအညီလှမ်းတောင်းတာတောင် ရဲတိုင်မယ်တကဲကဲဖြစ်နေကြတာ... အရင်တုန်းကတော့ ငါပေးသမျှယူ ငါကျွေးသမျှစားခဲ့ကြပြီးတော့...

ဗိုက်ဆာတယ်။ဒါပေမယ့်သူ့မှာပိုက်ဆံတစ်ပြားမှမရှိ.... ဝတ်လာတဲ့လက်ဝတ်ရတနာတွေကလည်း အသုံမကျတဲ့... လူဆိုးတွေကိုငှါးတော့ပေးလိုက်ရသဖြင့်ကုန်ပြီ။
သူကဒီနေရာမှာရှိနေရမယ့်သူမဟုတ်ဘူးလေ...အချိန်တိုလေးအတွင်းမှာ အရမ်းပြောင်းလဲသွားတဲ့သူ့ဘဝကိုသူမယံကြည်နိုင်... daraဆိုတာမွေးကတည်းက ချမ်းချမ်းသာသာအဆင့်တန်းရှိရှိနေတဲ့သူ သူတောင်းတသမျှမရခဲ့ဖူးတာမရှိ chanyeolအချစ်ကိုတောင်ရခဲ့သေးတာပဲ... ခုတော့...ဖမ်းဝရန်းထုတ်ထားပြီး တစ်နိုင်ငံလုံးကရဲတွေရဲ့ ပိုက်​စိပ်​တိုက်​ရှာဖွေမှုကြောင့် ဒီလိုညစ်တီးညစ်ပတ်နေရာမှာ ပုန်း​ရှောင်​နေရသူဖြစ်နေပြီ။ဒာပေမယ့်ဖမ်းခံရပြီး kaungsooရှေ့ဒူးထောက်ရတာထက်စာရင် ဒီလိုနေရတာပိုကောင်းတယ်မဟုတ်လား.... ဒီမှာရက်ပိုင်းလောက်ပဲသည်းခံလိုက်ရင်ရပြီ။

daraးးဘေးနားကလူတွေကလဲညစ်ပတ်နံစော်နေတာပဲ....

daraနှာခေါင်းရှုံ့လိုက်ပြီး.... သူကိုယ်သူသန်စင်ရန်.... ခေါင်းငုံ့လျှက်သန့်စင်ခန်းဘက် လျှောက်လာလိုက်သည်။ထိုစဉ်...သူ့လက်နှစ်ဖက်ကိုလာဆွဲလို့ မော့ကြည့်လိုက်သည်နှင့်တစ်ပြိုင်နက်...သူ့ကိုလက်ထိပ်ခတ်လိုက်ကာ...

^ရဲစခန်းကပါ....လူသက်ရန်ကြံစည်မှု...ငွေအလွဲသုံးစားလှုပ်မှု...တခြားသောအမှုများစွာကျူးလွန်ထားတာကြောင့်....ဖမ်းဆီးပါတယ်။စခန်းကိုလိုက်ခဲ့ပေးပါ...^

love & hateWhere stories live. Discover now