သူငယ်ချင်းချစ်သူ Part 7

7.6K 640 20
                                    

" ငါတို့ jiyoung shi တို့အိမ်ကိုသွားလည် ရ အောင် ကွာ "

ထိုသို့ပျော်ရွှင် ဖွယ်စကားကို ကျွန်တော့်ရဲ့အချစ် ရဆုံးကြီး Park Chanyeol ထံမှထွက်လာခြင်းဖြစ်လေသည်။သူနဲ့ baekတို့ခြံထဲတွင် ထိုင်နေကြရင်းထိုစကားကိုကြားရခြင်းဖြစ်လေသည်။

" နော် . . .. baek ငါတို့သွားလည် ရ အောင် ဟိုရောက်တော့မင်းက
ရှောင်ပေးပေါ့ "

" ငါက ရှောင်ပေးရင် မင်းက ဖက်နမ်းမလို့လား . . . "

baek ကသူ့ကိုစတင် အ ငေါ်တူးလေပြီ။
တစ်ခါတစ် ရံမှာ baek ရဲ့အ ငေါ်တူးမှုလေးတွေက ချစ်ဖို့ကောင်းသော်လည်းတစ်ခါ တစ် ရံတွင် စိတ်ပျက်ဖို့ကောင်းလေသည်။

" ဟာကွာ . . . မင်းကလည်းပေါက်ကရလေးဆယ်က
လာပြီး ငါ့ကိုပြောတာဘာမှမဖြစ်ဘူးနော် ။သူ့ရှေ့မှာတော့ သွားမ ပြောနဲ့ "

" ဟေ့ရောင် လာကဲမ နေနဲ့ ဒီလောက်ကဲနေရင် မင်းနှာဘူးထတဲ့အ ကြောင်း ပြောဦးမှာ "

" ဟာ . . . မ ပြောပါနဲ့ကွာ . . . ငါဘယ်မှာနှာဘူးထလို့လဲ baek နော် လိမ္မာတယ် မဖွစမ်းပါနဲ့ကွာ "

အဲ့ဒိအချိန်မှာပဲ baek ဘောင်းဘီ အိတ်ထဲမှဖုန်းမြည်လာသဖြင့် ကိုင် လိုက်သောအခါ

" hello . . . Nae jiyoung shi ပြောလေ . . ဟုတ်လား . . . စားရချည်သေးတာပေါ့ . . .အခုလေးတင်ပြောနေတာ . . .လာခဲ့မယ်လေ အင်း ဒါပဲနော် . . . "

baekကဖုန်းပြန်ပိတ်ကာ မဲ့ကာဖြင့်

" ဟေ့ရောင် . . . jiyoung shi က သူ့အိမ်မှာ မုန့်လုပ်စားလို့ အဲ့ဒါ ငါတို့နှစ်ယောက်ကို လာစားပါတဲ့ " ဟုဆိုသော်

" ကောင်းတာပေါ့ကွ . . . လာ . . . သွားရ အောင် " ဟုဆိုကာ ရောက်ချင်ဇောဖြင့် baek ရဲ့လက်ကိုဆွဲကာ ရှေ့ခြံသို့ပြေးလာခဲ့ရင်းလမ်းမှာလည်း baek ကို အာပေါက်မတတ်ပြောလာရ လေသည်။စားပြီးရင်းခဏ ရှောင် ပေးဖို့ကို။

သူနဲ့ baekကို သူမက အိမ်ပေါက်ဝမှာကြိုနေ သောအခါ သူသည်ဘာကြောင့်မှန်းမသိ baek ကို ဆွဲခေါ်လာသည့်လက်ကို ယောင်ယမ်းလွှတ်မိလိုက်သည်။sorry ပါ baek ရယ် ငါချစ် တဲ့မိန်းက လေးရှေ့မှာ မင်းလက်ကိုငါ တွဲမထားချင် ဘူး။

သူငယ်ချင်းချစ်သူWhere stories live. Discover now