baek ရှေ့မှာ လောကကြီးကို စိတ်ကုန်နေသောမျက်နှာနှင့် လူသေကောင် လိုသွေးမရှိသော မျက်နှာနှင့် ထိုင်နေသော Chanyeol ကို ကြည့်ရင်း baek ဝမ်းနည်းလာသည်။အပြင်က ပြန်လာပြီးတည်းက သူ့ရှေ့မှာ လာထိုင်နေတာ အချိန်တော်တော်ကြာနေပြီဖြစ်သည်။ဘာစကားမှလည်းမပြော မေးလည်းအဖြေပြန်မရ နဲ့ကြာတော့ စိတ်ကသိပ်မရှည် ချင်တော့ပေ ။
" Yar .... Park Chanyeol မင်းဘာဖြစ်နေတာတုန်း အပြင်ကိုသွားတုန်းက အကောင်းပါ အခုပြန်လာတော့မှ ဘာဖြစ်နေတာလည်း . . . "
သူစိတ်တိုတိုနဲ့မေးတော့မှ ကိုယ်တော်က မျက်နှာငယ်လေးဖြင့် . ...
" baek ya မင်းကိုငါ ပြောပြရင် မင်းငါ့ကို အကြံတစ်ခုတော့ပေးနိုင်မှာပါနော် . . . ငါတစ်ယောက်တည်း ဘယ်လိုမှ မဆုံးဖြတ်နိုင်တော့လို့ပါကွာ . .... "
" ပြောပြပါကွာ .. Chanyeol ya မင်းကိုငါအကောင်းဆုံးအကြံညဏ်ပေးမှာပါ ... "
" ဒီလိုကွ . .... "
Flash Back @@@@@@
" ကို နဲ့ကျမ စကားပြောရအောင် ..."
" ကို့ကို ကျမ ရှင်းရှင်းပဲပြောမယ် .... ကိုကျမနဲ့ baekhyun ကြိုက်ရာကိုတစ်ယောက်ပဲရွေး .....ကျမနဲ့ပတ်သတ်ချင်တယ်ဆိုရင် baek နဲ့မပတ်သတ်ပါနဲ့ .. "
" jiyoung yar ဘာဖြစ်လာပြန်တာလည်း . .ကိုယ့်ကို စိတ်ညစ်အောင်မလုပ်ပါနဲ့ .."
" ကျမဒီနေ့ baek နဲ့တွေ့ခဲ့တယ် တွေ့ပြီးတော့ ရှင်နဲ့မပတ်သတ်ဖို့ပြောတာကို သူကဘာပြောတယ်မှတ်လဲ ကိုယ့်ရည်းစားကို ရအောင်ပြောပါတဲ့ သူကပတ်သတ်မှာပဲတဲ့ . .
ကျမကလည်းရှင်တို့နှစ်ယောက်တွဲနေတာကို မမြင်ချင်ဘူး အဲ့ဒိတော့ ရှင်ကပဲရွေးချယ်ပေးပါ . ."သူရုတ်တရက်အော်ငိုချင်လောက်အောင်ပင် စိတ်တွေရှုတ်ထွေးသွားရသည်။ ဒီလိုအခြေအနေကို သူဘာလုပ်ရမယ်မှန်းမသိတော့ချေ။
" jiyoung ya ကိုယ်တောင်းပန်ပါတယ်ကွာ စိတ်လျှော့ပါဦး ကိုယ်တို့က ရိုးရိုးသားသားခင်ကြတာပါကွာ . .. "
" ရှင်တို့ရိုးသားတာကဘာလဲ နေ့တိုင်းတူတူ အပြင်ထွက်တယ် မနက်တိုင်းဖုန်းဆက်နှိုးတယ် best friend တွေပါဆိုပြီး တနေကုန် တွဲပြီးရှိနေတယ် .... ဒီလိုမျိုးကို ဘယ်ရည်းစားကမှကြိုက်မှာမဟုတ်ဘူး . .."