Chapter-1

1.8K 102 0
                                    

"ပြေး ပြေး Lu ပြေးတော့ pali"

"Borrr  နင်က နေခဲ့မလို့လား ?"

"Yaaaa မြန်မြန်ပြေးတော့ သူတို့လာနေပြီ"

Luhan သူ့အချစ်ဆုံးသူငယ်ချင်း Byun Baek အားး တစ်ယောက်ထဲ မထားခဲ့နိုင်!

"ဟင့်အင်း.....နင်ရောလိုက်ခဲ့ပါ"

Luhan ဂိုဒေါင်ထဲ သိုလှောင်ထားသော snacks အထုပ်များကို မနိုင်မနင်း ယူနေသည့် Baek လက်မောင်းကို ဆွဲကာ မနေခဲ့ရန် ပြောနေသည်! Baek ကတော့ ထို snack အထုပ်များဆီသာ အာရုံရောက်နေလေရဲ့.....!

ဒါသူတို့ဘဝပါပဲ.....ငယ်ငယ်ကတည်းက မိဘမဲ့ကျောင်းမှာ နေလာရတော့....စီးပွားရေး ရှာဖို့မပြောနဲ့ ကိုယ်ပိုင်အိမ်တောင်မရှိဘူးလေ...ညတိုင်း ခရီးထွက်လို့တံခါးပိတ်ထားတဲ့အိမ်....ဒါမှမဟုတ်
ရောင်းရန်ကြေညာထားတဲ့အိမ်....ဒါမှမဟုတ် ကျောင်းဝင်းတစ်နေရာ....ပိုင်ရှင်မရှိတဲ့ နေရာတွေမှာ အသာလေးခိုးဝင်ပြီး သွားအိပ်ပစ်လိုက်ကြတာပဲ.....အစားကတော့ ခုလို သိုလှောင်ရုံတွေကနေ ခိုးယူတယ်ဆိုပါတော့......!

ထိုစဉ် သိုလှောင်ရုံတံခါး 'ဂျိန်း' ခနဲ ဖွင့်သွားလေရာ
Luhan ရော Baek ရော မျက်လုံးလေးတွေ အဝိုင်းသား....Baek လက်ထဲက snack အထုပ်တွေဟာလဲ မြေပြင်ပေါ်သို့.......!

"မင်းတို့ ဘယ်သူတွေလဲ??"

Luhan ရုံကိုဝှေ့ခနဲကြည့်လိုက်တယ်...မျက်နှာကျက်မှာ အပေါက်တစ်ခု...ထွက်ပေါက်ဝင်ပေါက်က တစ်ပေါက်ထဲ...သူတို့ကပိတ်ရပ်နေတော့ အာ့ကထွက်မရပု...ဒါဆို အပေါ်ကအပေါက်ကရော....မဖြစ်နိုင်သေးဘူး....
ဘေးနံရံမှာ ပြတင်းပေါက်!

"နံရံက ပြတင်းပေါက်!"

Luhan တိုးတိုးလေး ရွတ်လိုက်တော့
Baek က သူ့အနောက်မှာ ရှိတဲ့ snack တွေကို မြေပေါ်ပြန့်ကြဲချပစ်လိုက်တယ်

"မင်းဘာလုပ်....."

"Baek  သွားတော့...."   Luhan အော်လိုက်တာနဲ့ Baek လဲ နံရံဘက်က ပြတင်းပေါက်ဆီ ပြေးပြီး ခုန်ချလိုက်တယ်...Luhan လဲ ခုန်ချမလို့ ရှိသေးး
ထိုလူကြီးက သူ့လက်ကို လှမ်းဆွဲလိုက်တယ်....

"Baek ပြေးတော့!"

အပြင်ပေါက်ကနေ Luhan ကို မော့ကြည့်နေတဲ့ Baek လဲ ခြေသံတွေကြားလို့ အနောက်လှည့်ကြည့်လိုက်ရာ....ထိုလူနဲ့ပါလာတဲ့
လူတွေ သူ့ဆီပြေးလာနေကြပြီ!

SKATERWhere stories live. Discover now