Chapter-3

738 69 0
                                    

Kris စကိတ်ကွင်းထဲ ပြန်လာတော့ Luhan ပျော်မြူးကာ skate ပတ်စီးနေတာကို တွေ့ရတယ်...သူထွက်သွားတဲ့ ၂ နာရီအတွင်း Sehun က ကောင်းကောင်း Train ပေးလိုက်တယ် ထင်ပါရဲ့....အယ်လ် ဟုတ်သား..Oh Sehun ဘယ်ရောက်နေပါလိမ့်?

"Luhan shi !"

"Wohh wohh"

Luhan စီးသာစီးတတ်တာ...ဘရိတ်ကို မနိုင်သေး...သူ့မှာ Kris လှမ်းအော်တာ ကြားပေမဲ့ အရှိန်သတ်မရတာကြောင့် သူ့ကိုသူမနည်းထိန်းနေရတယ်!Luhan ခန္ဓာကိုယ် အနေထား ပျက်သွားတာ တွေ့တာနဲ့ပဲ Kris လဲ သူ့နားပဲသွားလိုက်တယ်!

"ဘရိတ်အုပ်လေ...အ့မယ်...အရှေ့က ဘုလေးနဲ့ ထိန်းထောက်လိုက်....ခြေဖနောင့်ကို နည်းနည်းကြွ!"

Luhan လဲ Kris ပြောတဲ့တိုင်း လုပ်ကြည့်ချင်ပေမဲ့ ကြောက်စိတ်ကသာ စိုးမိုးနေလေတော့....Kris ကပဲ သူ့လက်ကိုကိုင်လိုက်ပြီး ရပ်လိုက်ရတယ်!

"Sehun က ဘရိတ်အုပ်ပြီးရပ်တာ သင်မသွားပုလား???"

"စီးတတ်အောင်တောင် မနည်းသင်ပေးလိုက်ရတယ် ဒီမှာ ဒူးခေါင်းတောင်ပြဲသွားပြီ အာ့သမင်မကြောင့်!"

Sehun ဘယ်ကနေဘယ်လိုရောက်လာမှန်းမသိ!
သူ့ဂျင်းဘောင်းဘီက ဒူးနားလေးပြဲသွားပြီး သူလဲပလာစတာကတ်ထားလေတယ်!!

"ဘယ်လို ဘယ်လို Oh Sehun ???"

"သူ့ကို ငါ့ကိုယ်ကိုကိုင်ပြီးစီးခိုင်းတာ သူလဲခါနီးဆို ငါ့ကိုအတင်းဆွဲတော့ သူမလဲဘဲ ငါကလဲပီပေါ့ဟ!"

"ဟီးဟီး Miyan "

Luhan ပြောင်စပ်စပ်နဲ့ ဝင်ပြောလိုက်ချိန်....Sehun ကတော့ သူမကို ဘုကြည့်ပြန်ကြည့်နေလေတယ်!

"aww...အဲ့လိုလား? အေးပါကွာ ဘာပဲဖြစ်ဖြစ် သူဒီလောက်စီးတတ်သွားတာ မင်းကြောင့်ပါ gomarwow"

"ရပါတယ်...မင်းပဲဆက်လေ့ကျင့်ပေးလိုက်တော့
နော် Kris ! ငါ့ချစ်လေး ဖျားနေတာ သွားကြည့်ရဦးမယ်"

"kay ! Bye....See ya man !"

Sehun မျက်စိတစ်ဖက်မှိတ်ပြပြီး စကိတ်ကို အမြန်ဆုံးလွှဲစီးသွားလေတော့တယ်......!

"Luhan shi.....Luhan shi !!"

Luhan ကျောက်ရုပ်ဖြစ်နေတာလေ...Sehun မျက်စိမှိတ်ပြသွားတာက Kris ကိုပါ...သူက ဘေးကနေ မြင်လိုက်ရတော့ ရင်တွေကိုခုန်လို့...တော်တော်ခန့်တဲ့ Oh Sehun...Skate စီးလဲကျွမ်းတယ်...မနက်ကသာ ရန်ဖြစ်နေတာ စောနလေးက skate စီးသင်ပေးနေတုန်းက လုံးဝ သဘောကောင်းတဲ့ Man...လုံးဝ လုံးဝ လုံးဝရီးကို perfect ဖြစ်လွန်းတဲ့သူက...သူ့ချစ်ဆီ အပြေးထွက်သွားတာကြောင့် Luhan ရင်ထဲ
ဘယ်လိုရီး ခံစားနေရမှန်းကို မသိတော့ပါ...ဒါတောင် သူနဲ့သိတာ ၂ နာရီပဲရှိသေးတာရယ်!!

SKATERWhere stories live. Discover now