Chapter-2

772 73 2
                                    

Luhan အရမ်းပျော်ပါတယ်လေ...ရေခဲသေတ္တာထဲဆိုလဲ
ရေဗူးတွေ juice တွေ အသင့်အစားစာတွေ
အစုံပဲ လိုလေသေးမရှိ ထည့်ပေးထားတယ်!

"Wohh...Daebaek...Xiumin shi...nomu nomu gomarwow..nomu nomu saran...Ah...ငါဘာတေပြောနေပါလိမ့်!"

ရေခဲသေတ္တာထဲက ချောကလက်ရေခဲမုန့်ဘူးကိုထုတ်ကာ ပေါင်ပေါ်တင်ထားပြီး ဇွန်းနဲ့ခပ်စားလိုက် TV ကြည့်လိုက်နဲ့ ညမိုးချုပ်သွားတယ်!

"Time To Sleep!"

ရေခဲမုန့်ဘူးကို ရှေ့က စားပွဲပေါ်တင်လိုက်ပြီး TV ပိတ်ကာ sofa ပေါ်ပဲ အိပ်ပျော်သွားတော့တယ်!

....................................

မနက်ရောက်တော့ Kris က Luhan ခြံပေါက် ရပ်စောင့်နေတာပေါ့...သူ Bell တီးနေတာ ၁၀ မိနစ်လောက်ရှိနေပြီ Luhan ထွက်မလာ! အာ့နဲ့
Xiumin ပေးထားတဲ့ သော့အပိုတစ်ချောင်းနဲ့ ဖွင့်ပြီး အထဲဝင်လာခဲ့တယ်!

"Luhan S...."

Kris မြင်လိုက်ရသည်ကား sofa နောက်မှီပေါ် ခြေတစ်ချောင်းတင်ကာ နောက်ခြေတစ်ချောင်းကို sofa အောက် တွဲလောင်းချထား၍ ပါးစပ်ကလဲ အငြိမ်မနေ တချက်တချက် ထထဟောက်နေသော
Luhan ပုံစံ!!

"မိန်းခလေးရော ဟုတ်ရဲ့လားမသိပု!"

Kris ပြောကာ ခိုးရီလိုက်ပြီး သူမခြေ ၂ ချောင်းကို sofa ပေါ် ပြန်စုထားပေးကာ သူ့ရှပ်အင်္ကျီအပါးလေးကိုချွတ်ပြီး ခြုံပေးထားလိုက်တယ်...ပြီးတော့ စားပွဲပေါ်က ice-cream ကို ရေခဲသေတ္တာထဲပြန်ထည့်ပြီး Luhan အတွက် Breakfast ပြင်ဖို့ရာ မီးဖိုခန်းထဲဝင်သွားတော့တယ်.....!

Luhan နားထဲ ချလွင်ချလွမ် ဇွန်းခရင်းအသံတွေက ရိုက်ခတ်လာတော့ သူမ မထချင်လဲ ထရတော့တာပေါ့

"ဝါးးးးးးးးးး"

မျက်စိစုံမှိတ်ကာ လက်ကိုဆန့်ပြီး အားရပါးရအကြောဆန့်နေတဲ့ပုံကို Kris ကြည့်ပြီး ပြုံးနေလေတယ်

"Good Morning!"

"O_O .....sir??"

"ကိုယ့်ကို Kris လို့ပဲခေါ်ပါ"

"Huh?? Nae!"

ထိုစဉ် တိုင်ကပ်နာရီက 'ဒေါင်' ခနဲ ထမြည်တာကြောင့် Luhan မျက်လုံးကိုပွတ်ကာ ကြည့်လိုက်တော့ ၈ နာရီ ကွက်စတိ!

SKATERWhere stories live. Discover now