Part 9

1.1K 116 0
                                    

စာမေးပွဲတစ်ခုမှာ အမှတ်ကောင်းကောင်းရချင်တယ်ဆိုရင် မင်းလုပ်ရမှာအားလုံးက စာလုပ်ဖို့ပဲ

တကယ်လို့ မင်းကို ဖွင့်ပြောတဲ့ မိန်းကလေးကို သဘောကျတယ်ဆိုရင် Yes နဲ့ No ရွေးချယ်စရာနှစ်ခုထဲက မင်းရွေးရမှာ Yes ပေါ့

ကံကောင်းစွာပဲ ကျွန်တော်ကြုံတွေ့ရတဲ့ ကိစ္စတွေမှာ လက်ခံတာပဲဖြစ်ဖြစ် ငြင်းပယ်တာပဲဖြစ်ဖြစ် အဖြေက ဝေဝါးမနေပဲ အမြဲရှင်းလင်းနေခဲ့တယ်!

အခုအချိန် မတိုင်ခင်ကထိပေါ့........

အဖျားတိုင်းသာမိုမီတာလေးမှာ ညွှန်ပြနေတဲ့ ကိန်းဂဏန်းက 101°F~

"အရူးပဲ! ငါတကယ်ကို အရူးပဲ! ဘာလို့ထီးဝယ်မဆောင်း မိတာလည်း?"

စောင်ခြုံထဲမှာနေရင်း Sehun တိုးတိုးရေရွတ်နေသည်!

** နေ့တိုင်း Lab ကို လာပါ့မယ်လို့ ကတိပေးထားလျှက်နဲ့ အခု မကောင်းသေးသ၍တော့ မသွားနိုင်လောက်ဖူး**

**တော်ကြာ သူများကို အဖျားကူးနိုင်တယ်! Luhan လည်း ငါ့ကိုမတွေ့ချင်တော့လောက်ဖူးထင်ပါတယ်**

ထိုအတွေးတို့က ကျွန်တော့်ရင်ကို မွန်းကျပ်စေသည်! နားထဲပဲ့တင်ထပ်နေရတဲ့ စကားတစ်ခွန်းက......

"သူက ငါမရှိရင် အသုံးမကျဘူး"

တဆစ်ဆစ်နာကျင်နေတဲ့ ရင်ဘတ်ကို ဖိဆုတ်ထားမိသည်!

Luhan က သူ့ရဲ့ ပုံပန်းသွင်ပြင်ကြောင့် ယောကျာ်းလေးတွေတိုက်ခိုက်တာခံရတယ်လို့ ကျွန်တော် တလျှောက်လုံး ထင်နေခဲ့ပေမယ့် .......

ဖြစ်နိုင်တာက .......

Luhan ကိုယ်တိုင်ကိုက ယောကျာ်းလေးတွေကို သဘောကျတာမျိုးလား?

အတွေးတို့နဲ့ ရှုပ်ထွေးနောက်ကျိလာပြန်သည်!

"မင်းသူကို ပျင်းလာပြီဆိုရင် ပြန်ပေး!"

ထိုစကားတစ်ခွန်းက ကျွန်တော် နှလုံးကို ဆွဲညှစ်လိုက်သလိုပဲ.......

အာရုံထဲမှာ Luhan ရယ် ကျွန်တော် မမြင်ဘူးတဲ့ Kris ဆိုတဲ့သူ နောက် သူတို့နှစ်ယောက်ရဲ့ သင်္ကေတဖြစ်တဲ့ ပန်းပွင့်ပုံပါတဲ့လည်ဆွဲလေး........

Only The Flower Knows [Completed]Where stories live. Discover now