Ep-16;

1.6K 88 8
                                    

Eunjung's POV
သူမက ဘာအဓိပ္ပာယ်နဲ့ပြောမှန်းမသိ ပေမဲ့ တကယ်တမ်း မျက်နှာပူပြီး ရှက်ရှက်နဲ့ ခေါင်းငုံ့မိတာ ကျမပါပဲ...

ထမင်းစားပြီးတော့ ဒန်းပေါ်မှာ guitar သင်တော့လည်း သူမက ငြိမ်ငြိမ်မနေပါ ဒန်းကိုလွဲနေတော့ သင်စရာကလည်း လိုရင်းကိုမရောက်....

"ထ ဒီကိုလာ.." Eunjungက မတ်တပ် ရပ်လိုက်ပြီးပြောသည်...

"ဘာလို့လဲ.. သင်မယ်လေ"

Eunjungက မြက်ခင်းပေါ်မှာထိုင်ချလိုက် ပြီး Jiyeonကိုပါ သူမဘေးနားမှာ ထိုင်စေ လိုက်သည်.. အဲ့တာကိုJiyeonက ကြောင်တောင်တောင်လေးကြည့်နေ တော့....

"နင်ကငြိမ်ငြိမ်မှမနေတာ ဒန်းကိုလွဲနေ တော့ ဘယ်လိုလို့ သင်လို့ရမှာလဲ.."

"Thae...." *pouted*

"aigoo ဒီကိုကြည့်ပါဆို... "

Eunjungက စိတ်ပါလက်ပါ ရှင်းပြပြီး သင်ပေးနေပေမဲ့ Jiyeonကတော့ ထုံးစံ အတိုင်း... Eunjungကိုငေးလိုက် အောက်ကမြက်ပင်တွေနဲ့ဆော့လိုက် လုပ်နေသည် .....

"ခုနပြောတာတွေ မှတ်မိပြီမို့လား.."

"ထင်ထားပဲ ဟီးး..."😀

"ခဏပြန်ကြည့်ထားလိုက် ငါသန့်စင်ခန်း ခဏသွားပြီး ပြန်လာမယ်ရော့ guitarယူ ထားး..."

"Thae.. ကောင်း၂သွားပြီး ပြန်လာပါ.."😜

"haha အေးးပါကွာ..."

Eunjungပြန်လာတော့ Jiyeoကguitar
ကြီးကိုဖက်ပြီး အိပ်ငိုက်နေပါပြီ.. ဟိုဘက် ယိုင်လိုက် ဒီဘက်ယိုင်လိုက်ပေါ့... Eunjungက Jiyeonကို ကြည့်ပြီးပြုံးမိ တာပေါ့ .....

အော်.... ဒီကလေးကတော့ ဘယ်လောက် တောင်များ ပင်ပန်းနေလဲမသိဘူးး

ကြည့်နေရင်းကနေ Jiyeonရဲ့ခေါင်းက ဒီဘက်ကိုစောင်းလာတာမို့ Eunjungက သူမ ပခုံးပေါ်ကိုမှီစေလိုက်သည်...

တော်တော်နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေ တာပဲ...😊

အဲ့လိုနဲ့ခဏနေတော့ Eunjungလည်း Jiyeonကိုပြန်မှီပြီး အိပ်ပျော်သွားပါသည် သူတို့နှစ်ယောက်နိုးလာတော့ ညနေ တောင်စောင်းနေပြီ... Jiyeonကတော့ Eunjungကို လိုက်ပို့ပြီးပြန်သွားလေပြီ Eunjungကလည်း ဆိုင်ကိုမသွားနိုင်ပါ သူမရဲ့ ပခုံးက Jiyeonမှီအိပ်ထားတာ ကြောင့် ညောင်းးနေတာလေ.. သူတို့နှစ် ယောက်လုံး အိပ်ရာမ၀င်ခင်မှာ သူတို့ တူတူဖြတ်သန်းခဲ့တဲ့ တစ်နေ့တာကို ပြန်တွေးနေကြရင်း ဘယ်အချိန်အိပ်ပျော် သွားသည်မသိ.. သေချာတာကတော့ ၂ယောက်လုံး နှုတ်ခမ်းဖျားအသီးသီးမှာ အပြုံးတစ်ပွင့်နဲ့ အိပ်ပျော်သွားကြတာပါ..

Oh My Handsome Girl!!(EunYeon)Where stories live. Discover now