Final;True LOVE'll never Die

4.1K 146 20
                                    

“hello....Hahm eunjung ပြောနေပါတယ်....”

“jungie ah...”

ဒီအသံက...

“ဦးလေး ဦးလေးလားဟင် ဟုတ်တယ်မို့လား...”

“jungieက မှတ်မိသားပဲ ဦးလေးသမီးကို ပြောစရာရှိလို့ပါ...”

ထိုဦးလေးဆိုတာက jungieအဖိုးရဲ့ လူယုံ jungieကိုတော့ ကိုယ့်သမီးအရင်း လေးလို တကယ်ချစ်တဲ့သူပါ....

“သမီးအဖိုးနဲ့ ရန်ဖြစ်ပြန်ပြီဆို....”

“အဲ့လိုလည်း မဟုတ်ပါဘူး...”

“သမီးခံစားချက်ကို ဦးလေးနားလည်ပါ တယ်... ဒါပေမဲ့ ကလေးရယ်...”

“.....”

“သမီးအဖိုးက သိပ်သနားစရာကောင်းတဲ့ သူပါ.. သူ့ခင်ဗျာငယ်ငယ်ရွယ်ရွယ်နဲ့ သူ့ညီမလေးအရွယ်ပဲရှိတဲ့ သမီးအမေကို ကိုယ့်သမီးအရင်းလေးလို စောင့်ရှောက် ခဲ့တယ် အိမ်ထောင်ကျခဲ့ပေမဲ့လည်း အချစ်နဲ့တည်ဆောက်ခဲ့တာ မဟုတ်တော့ တစ်နှစ်လောက်ပဲရှိသေး ကွဲသွားတယ် သားသမီးလည်း မထွန်းကားခဲ့ဘူး  ဟော သမီးအမေကြီးလာတော့ Japanကို ကုန်သွယ်ခဏလာတဲ့ သမီးအဖေနဲ့ ချစ်ကြိုက်ပြီး သဘောမတူတဲ့ ကြားက ကိုရီးယားကို အပြီးပိုင်ထွက် သွားခဲ့တယ်.”

“အဖိုးက အဲ့တာဆို အဖေနဲ့သဘောမတူ လို့ အမွေဖြတ်ခဲ့တာလား....”

“ဟုတ်တယ်သမီး သူအမွေဖြတ်ခဲ့ပေမဲ့ ပစ်မထားနိုင်ခဲ့ပါဘူး.. သမီးအမေရဲ့ အကြောင်းကို အမြဲတမ်းစုံစမ်းနေခဲ့တာ အဲ့တာကြောင့်လည်း သမီးမိဘတွေ accidentဖြစ်ဖြစ်ချင်း Koreaကိုချက်ချင်း ရောက်လာခဲ့တာပေါ့... ကဲပြီးတော့ သမီး ကိုလည်း တကယ့်သမီးရင်းလို စောင့်ရှောက်ခဲ့တာပဲ အခုသမီးကထပ်ပြီး သမီးအဖိုးကို အဲ့လိုလုပ်ဦးမယ်ဆိုရင် တော့ ....”

“သမီးတောင်းပန်ပါတယ်.....”

“သမီးတောင်းပန်ဖို့မလိုပါဘုူး ဦးလေးက သမီးကို အပြစ်တင်တာလည်း မဟုတ်ဘုး ဒါပေမဲ့ ဒီနေ့ဦးလေးပြောတဲ့ စကားတွေ ကိုတော့ မမေ့လိုက်ပါနဲ့...”

Oh My Handsome Girl!!(EunYeon)Where stories live. Discover now