ရည်းစားစာ

3.7K 374 15
                                    

## သို့..

ချစ်​ရပါ​သောChanyeol.....

ကိုယ်​ မင်းကိုချစ်​ပါတယ်​..

ပုံ..

Wu Yifan..XD #

"ဟာ.....ဘာကြီးလဲ..​ပေါ​ကြောင်​​ကြောင်​နဲ့.."

"မ​ကောင်းဘူး...ရယ်​စရာကြီးဖြစ်​​နေမယ်​.."

Wu Yifan သူ​ရေးထား​သောရည်​စားစာကိုလက်​ထဲမှာလုံး​ချေပီး ​ကြမ်းပြင်​​ပေါ်သို့လွှတ်​ပစ်​လိုက်​သည်​...

သူ့စာကြည့်​စားပွဲ​ဘေးနားက ကြမ်းခင်းမှာလည်း လုံး​ချေထားတဲ့စက္ကူအလုံးအဆုပ်​​တွေဆိုတာ ဟိုတခု ဒီတခု ရှုပ်​ပွ​နေသည်​...

ထိုစက္ကူစ​တွေလည်း သူမရှင်းအား​သေး...စိတ်​အစဉ်​က ရည်းစားစာ​ရေးဖို့ကိုသာတွန်းအား​ပေး​နေသည်​​လေ...

သူ ​နောက်​ထပ်​စာရွက်​တရွက်​ထပ်​ယူလိုက်​ရင်း မျက်​မှန်​ကိုလက်​နဲ့ပင့်​တင်​ကာ ​ချ​ရေးရမယ့်​ ချစ်​စကားချိုချို​လေးများကိုစဉ်းစား​နေလိုက်​သည်​...

ဘယ်​လိုစာမျိုး​ရေးရင်​ သူ့ကို Chanyeolက​ကြွေသွားမလဲ...
တော်​ကြာ ​ပေါက်​ကရစာ​တွေ​လျှောက်​​ရေးလို့ သူ့ကိုChanyeolက စိတ်​ဆိုးသွားရင်​ဒုက္ခ..
ချစ်​သူအဆင့်​ထိမတက်​လှမ်းနိုင်​​သေးခင်​ သူငယ်​ချင်းအဆင့်​​အောက်​ပါ ပြုတ်​ကျသွားမှဖြင့်​ သူရင်​ကျိုးရချည်​ရဲ့....

ထိုသို့​သော အ​တွေး​တွေ စုံ​နေ​အောင်​​လျှောက်​စဉ်းစား​နေရင်း စာ​တွေချ​ရေးလိုက်​ မကြိုက်​ရင်​လွှတ်​ပစ်​လိုက်​နှင့်​ပင်​ အချိန်​ကုန်​​နေသည်​...

စကားလုံးလှလှစဉ်းစား​နေသည်​မှာ အချိန်​အတန်​ကြာလှပီ..
သူ့​ခေါင်းထဲမှာ အကြံဥာဏ်​ထွက်​မထွက်​​တော့မသိ...
သူ့အကျင့်​အတိုင်း တခုခုစဉ်းစားရင်​ ​ဘောပင်​အဖုံးကိုကိုက်​ပီးစဉ်းစား​နေသည်​မှာ ​ဘောပင်​အဖုံး​တော့ ရစရာမရှိ​အောင်​ပိန်​လိန်​​နေပီဖြစ်​သည်​.....

နောက်​ဆုံး သူတခုခုစဉ်းစား၍ရသွားပီထင်​သည်​...

ပန်းနု​ရောင်​စာရွက်​​လေး​ပေါ်သို့ စကားလုံးတချို့ကို​ရေးချလိုက်​ပီး အသည်းပုံ​လေး​တွေပါ​သော ပန်းနု​ရောင်​စာအိတ်​​လေး​ထဲသို့ထည့်​ထားလိုက်​သည်​....

မနက်​မိုးလင်းလို့ ​ကျောင်းသွားရင်​ သူ​ပေးမယ့်​ရည်းစားစာ​လေးကို Chanyeolကကြည်​ကြည်​ဖြူဖြူနဲ့လက်​ခံ​ပေးပါ​စေဟု ​တောင်းဆုပြုရင်း အိပ်​ရာဝင်​ခဲ့သည်​....

အိပ်​​ပျော်​သွား​တော့ သူအိပ်​မက်​မက်​သည်​...
ရည်းစားစာကို စိတ်​စွဲ၍လားမသိ...
အိပ်​မက်​ထဲမှာ သူChanyeolကိုရည်းစားစာလိုက်​​ပေး​နေသည်​တဲ့...

သို့​သော်​ Chanyeolကသူ့ရည်းစားစာကိုဆုတ်​ဖြဲပစ်​ကာ ပါးရိုက်​လိုက်​သည်​တဲ့​လေ....

"​ဖြောင်း"ဆို​သောလက်​ဝါးသံနှင့်​အတူ ထိတ်​လန့်​စွာလန့်​နိုးလာခဲ့သည်​...

"အိမ်​မက်​ကြီးကလည်းကွာ...မ​ကောင်းလိုက်​တာ..."

သူ မ​ကျေမနပ်​​ရေရွတ်​ရင်း ပြန်​အိပ်​ဖို့ကြိုးစားပါ​သော်​လည်း အိပ်​မ​ပျော်​​တော့ပါ..
မနက်​ဖြန်​အတွက်​ ​တွေ့ကြုံရင်​ဆိုင်​ရမယ့်​ အ​ခြေအ​နေတခုအတွက်​ ကြိုတင်​ရင်​ခုန်​​နေရင်း မိုးစင်​စင်​လင်းခဲ့ရသည်​....

Tbc......

ရည်းစားစာWhere stories live. Discover now