Final

3.2K 431 6
                                    

"မားမား...သား​နေမ​ကောင်းဘူး..​ကျောင်းမသွား​တော့ဘူး​နော်​.."

အ​နွေးထည်​ဆွယ်​တာအထူကြီးဝတ်​ကာ မျက်​နှာသုန်​သုန်​မှုန်​မှုန်​နဲ့ ထမင်းစားခန်းထဲဝင်​ထိုင်​​နေ​သော ကျွန်​​တော့်​ကို မားမားကကိုယ်​ပူလာစမ်းသည်​...

"ဟယ်​..ကိုယ်​ပူ​နေပါလား...မုန့်​စားပီး​ဆေး​သောက်​လိုက်​..fan "

"ဟုတ်​.."

ကျွန်​​တော်​မနက်​စာစား​နေစဉ်​ အငယ်​​ကောင်​Sehunရှိုးစမိုးအပြည့်​နှင့်​ ထမင်းစားခန်းထဲဝင်​လာသည်​..​သူ့ကြည့်​ရတာ ​ကျောင်းသွားမှာလား ရုပ်​ရှင်​သွားရိုက်​မှာလား မသဲကွဲဘူးရယ်​...

"အငယ်​​ကောင်​.."

"ဗျာ.."

"ငါ့အတွက်​ခွင့်​စာယူသွား​ပေး..ငါ​ကျောင်းမသွားဘူး...ပီး​တော့ ငါ့​ကျောပိုးအိတ်​ထဲမှာပန်း​ရောင်​စာအုပ်​​လေးရှိတယ်​..Chanyeolနဲ့​တွေ့ရင်​ သူ့ကိုပဲ​ပေးခဲ့လိုက်​..အဲ့ဒါဒီ​နေ့​နောက်​ဆုံးထပ်​ရမယ့်​ အိမ်​စာ​​တွေ..​ပေးဖြစ်​​အောင်​​ပေးလိုက်​​နော်​...မ​မေ့နဲ့ဦး.."

"Okie~~~"

Sehun​ကျောင်းသွား​တော့ ကျွန်​​တော်​အခန်းထဲပြန်​ဝင်​ကာ ​ဆေး​သောက်​ပီးအိပ်​​နေလိုက်​သည်​....

**************

"Chanyeol hyung!! "

ကျွန်​​တော်​ အတန်းထဲမဝင်​ခင်​ ကျွန်​​တော့်​နာမည်​​ခေါ်သံကြားလို့လှည့်​ကြည့်​လိုက်​​တော့ Sehun​တ​ယောက်​ ကျွန်​​တော့်​ဆီသို့​ပြေးလာ​လေရဲ့...

"Hyungက​ပေးခိုင်းလို့...အိမ်​စာစာအုပ်​ရယ်​..ခွင့်​စာရယ်​..."

"​သြော်​...သူ​ကျောင်းမလာဘူးလား.."

"ဟုတ်​..​နေမ​ကောင်းလို့.."

"Imm..ငါတီချယ်​ကို​ပေး​ပေးမယ်​..."

နေမ​ကောင်းဘူးတဲ့..ဘယ်​လိုများဖြစ်​လဲမသိ...မ​နေ့က​တောင်​အ​ကောင်းကြီးဟာကို...ငါမ​နေ့ကစိတ်​ဆိုးပီးစကားမ​ပြောလို့များ စိတ်​မ​ကောင်းဖြစ်​လို့​ကျောင်းမလာတာများလား...ဒါမှမဟုတ်​ တကယ်​ပဲ​နေမ​ကောင်းဖြစ်​​နေတာလား..

ရည်းစားစာWhere stories live. Discover now