အပိုင်း၂

2.6K 364 28
                                    

"မ​နေ့ညက အိပ်​မက်​ဆိုး​တွေမက်​တယ်​..

မနက်​​ရောက်​​တော့ မျက်​ခုံးများကလှုပ်​တယ်​..

ဒီ​နေ့မှာ ..ဒီ​နေ့မှာ..သူ​လေးနဲ့​တွေ့ဖို့...

အ​ဖြေ​ပေးပါ...အ​ဖြေ​ပေးပါ...​တောင်းမယ့်​​နေ့မို့..

ရင်​​တွေဘာ​တွေခုန်​​နေလို့..ကယ်​ပါဗျို့...

Yes or No..တခု​တော့ဖြစ်​မယ်​..

Noဆိုရင်​ ဝမ်းနည်းရမယ်​.."

"Yrrrr.....Wu Sehun!!..ဆက်​မဆိုနဲ့​​တော့!!! "

သူ့အခန်းထဲမှာ ​ရေမလာဘူးဟုဆိုကာ ကျွန်​​တော့်​အခန်းထဲမှာ​ရေလာချိုး​နေ​သော အငယ်​​ကောင်​ကို စိတ်​တိုတိုနဲ့လှမ်း​အော်​လိုက်​သည်​...

တကယ်​ပဲ..သူများအခန်းထဲမှာလဲ​ရေလာချိုး​နေ​သေးတယ်​..​အေး​အေး​ဆေး​ဆေးလည်းမချိုးဘူး..သူ့အသံ​သေးအသံ​ညှောင်​ မပီတပီနဲ့ သီချင်း​တွေ​အော်​ဆို​နေ​သေးတယ်​..
ဆိုမယ့်​ဆို​တော့လည်း ကျွန်​​တော့်​အဖြစ်​ကိုရွဲ့ဆို​နေသလား​အောက်​​မေ့ရတယ်​...
ဒီမှာ ရင်​ခုန်​လွန်းလို့ ရူး​တော့ပါမယ်​ဆိုမှ..

"မားမား..သား​ကျောင်းသွားပီ​နော်​.."

"ဟဲ့...အ​စောကြီးရှိ​သေးတယ်​..သားငယ်​ကို​စောင့်​ဦး​လေ.."

"မ​စောင့်​​တော့ဘူး...သားဒီ​နေ့​ကျောင်းမှာအ​ရေးကြီးတဲ့ကိစ္စလုပ်​စရာရှိတယ်​..မားမားရဲ့..သွားပီ.."

မားမားကို နှုတ်​ဆက်​ပီး ဂို​ဒေါင်​ထဲက စက်​ဘီးကိုထုတ်​ကာ ​​ကျောင်းသွားဖို့ပြင်​လိုက်​သည်​...

ကျောင်း​ရှေ့​ရောက်​​တော့ ဂိတ်​ဝနားမှာ သူ့အိမ်​ကလိုက်​ပို့​သောကား​ပေါ်မှဆင်းလာ​သော Chanyeolနှင့်​တည့်​တည့်​တိုးသည်​​လေ..ကျွန်​​တော်​ Chanyeol​ဘေးနားမှာ စက်​ဘီးကိုရပ်​လိုက်​​တော့ Chanyeolက ကျွန်​​တော့်​ကို ​တောက်​ပရွှင်​လန်း​သောအပြုံးချိုချိုတို့နှင့်​ ပြုံးရယ်​ပြ​နေသည်​​လေ....

"Chanyeol..ငါမင်းကို ​ပေးစရာရှိတယ်​..."

"ဘာ​ပေးမှာလဲ..မုန့်​လား..လက်​​ဆောင်​လား....အရုပ်​လား...XD "

ရည်းစားစာWhere stories live. Discover now