Part..(9)

6.3K 473 26
                                    


လက်​နှဖက်​ အချင်းချင်းဆုပ်​ထားတာ
Chanyeol ကို မသက်​မသာ ကြည့်​​နေ​သော
Yi Fan ရဲ့ ပခုံး​တွေကို Suho က
အား​ပေးသလို ဖြစ်​ညှစ်​လာပီး ...

"အရမ်း စိတ်​မပူပါနဲ့ .....
စိတ်​လှုပ်​ရှားလွန်းလို့
ဖြစ်​သွားတာပါ အဆင်​​ပြေသွားမှာပါ..."

Suho ကို ​မော့ကြည့်​လာ​သော Yi Fan ရဲ့မျက်​ဝန်းမှကျလာ​သော မျက်​ရည်​​တွေကို အသာအယာသုတ်​​ပေးလိုက်​ပီး Suho က သက်​ပြင်းတစ်​ချက်​ချတာ......

"သား​လေးက မင်းကို သိပ်​ချစ်​တာ...
အဲ့ဒီလိုပဲ ....."

Suho က Chanyeolရဲ့ ပိုက်​မရှိ​သော လက်​​လေးတစ်​ဖတ်​ကို ဖွဖွ​လေးဆုပ်​ကိုင်​ပီး
နမ်းရှိုက်​လိုက်​ရင်း....

"....."

"Haru ကလဲ မင်းကိုသိပ်​ချစ်​တာပါ..."

"ငါတို့လက်​ထပ်​ပီး​တော့ ဖြူဖြူစင်​စင်​​နေခဲ့ကြတယ်
တ​နေ့မှာ​ ပါတီတစ်​ခုမှာ ငါတို့နဲနဲမူးခဲ့ကြတယ်
ပီး​တော့ မိတ်​​ဆွေတစ်​​ယောက်​ထည့်​ခဲ့တဲ့
စိတ်​ကြွ​ဆေးကို ငါတို့နှ​ယောက်​မိသွားတယ်
အဲ့ဒီညမှာ Chanyeol ဖြစ်​လာခဲ့တာ...
မင်းထင်​သလို ငါတို့​ပျော်​​ပျော်​ရွှင်​ရွှင်
ချစ်​ချစ်​ခင်​ခင်​​နေခဲ့ကြတာ မဟုတ်​ပါဘူး......
မင်းအ​ပေါ်ကိုလဲ သစ္စာ​ဖောက်​ခဲ့ကြတာမဟုတ်​ပါဘူး
ဒါ​ပေမယ့်​.....
Haru ကံမ​ကောင်းရှာဘူး....
ခ​လေးရ​တော့ သူ့ကျန်းမာ​ရေးကိုသိသွားတဲ့ငါက
မယူပဲနဲ့ ဖြတ်​ချဖို့​ပြောခဲ့​ပေမယ့်
သူက လက်​မခံခဲ့ဘူး.....
သား​လေးကို ​မွေးတဲ့ညမှာပဲ သူ့​ရောဂါ​ကြောင့်​ ဆုံးသွားခဲ့တယ်​....
မင်းလဲမရှိ Haru လဲမရှိတဲ့ဘဝကြီးမှာ
သား​လေးဟာ
ငါ့ရဲ့ဘဝဖြစ်​လာခဲ့တာ...
သားရဲ့​ပျော်​ရွှင်​မှုဟာ
ငါ့အသက်​​လောက်​အ​ရေးပါပါတယ်
အဲ့ဒါ​ကြောင့်​ မင်း သားကို ​ပျော်​ရွှင်​​အောင်​ထား​ပေးပါ...."

"ငါ.... ငါ​တောင်းပန်​ပါတယ်​....
ငါ့ရဲ့အမှား​တွေ အတွက်​...."

ရှိုက်​ကြီးတငင်​ငို​နေ​သော Yi Fanရဲ့ ​ကျောကို
ပွတ်​သပ်​ပီး နှစ်​သိမ့်​​ပေး​နေ​သော သူ့ပါးပြင်​မှာလဲ
မျက်​ရည်​စ​တွေ ....

His RegretWhere stories live. Discover now