ဘဝ၏တ​ကွေ့မှသူ

2.3K 166 104
                                    

Note - Birdy ၏ ' Skinny Love ' အားနား​ထောင်​၍ ဖတ်​နိုင်​ပါသည်​ ။ ဒီအပိုင်းအတွက်​ Song ​လေးကို ညွှန်း​ပေးခြင်းဖြစ်ပါသည်​ ။

ဘဝ၏တ​ကွေ့မှသူ

သူသည်​ဘဝ၏တ​ကွေ့တွင်​ ခန့်​ညားစွာတည်​ရှိခဲ့ဖူသည်​ ။


သူနှင့်​စတင်​​တွေ့ဆုံခြင်

" Hi " ဟူ​သောစကား​လေးက လူတိုင်းသုံး​လေ့သုံးထရှိ​သော နှုတ်​ခွန်းဆက်​စကား​လေး​ပေမဲ့ ဝန်​ခံကြရရင်​ " ချစ်​ခြင်း " တစ်​ခု၏​နောက်​​ကြောင်းကိုပြန်​​ကောက်​ပါက ထိုစကား​လေးနှင့်​ပင်​ ရိုးရှင်းစွာစတင်​ကြသည်​ မဟုတ်​ပါလား ။

သူနှင့်​​ စတင်​​တွေ့ဆုံခြင်းသည်​ ဖတ်​​နေကြ​သော အချစ်​ဝတ္တု​တွေထဲမှာကဲ့သို့ တစ်​​ယောက်​နှင့်​တစ်​​ယောက်​တိုက်​မိကာ ရင်​ခွင်​အတွင်းသို့ပစ်​လဲကြသွား​သော စိတ်​ကူးယဉ်​ဆန်​ဆန်​ ​တွေ့ဆုံခြင်းမဟုတ်​ခဲ့ပါ ။

" Hi ! ကိုယ့်​ကိုတစ်​ခု​လောက်​​ပြောခွင့်​​ပေးပါလား "

သူ့နှင့်​ ဆန်​ကျင့်​ဘက်​အရပ်​သို့မျက်​နှာလွှဲ​နေ​သော ကျ​နော့်​ကို​အ​နောက်​မှ လက်​တို့​ခေါ်ကာ နှုတ်​ဆက်​ခြင်းဖြင့်​ပင်​ အရိုးရှင်းဆုံးစတင်​​တွေ့ဆုံခဲ့ခြင်း ဖြစ်​သည်​ ။

ထို​နေ့က ရာသီဥတုအ​ခြေအ​နေ မည်​သို့ရှိခဲ့သည်​ကို ကျ​နော်​မမှတ်​မိ​​သော်​လည်း သူ့ရဲ့မျက်​နှာရိပ်​​လေးက ကြည်​လင်​ရှင်းသန့်​​နေသည်​ကို ​ကောင်း​ကောင်းသတိတရရှိ​နေသည်​ ။

ထို​နေ့က ကျ​နော်​ဘာဝတ်​ခဲ့မိသည်​ကို မမှတ်​မိ​သော်​ငြားလည်း သူက​တော့ အကျီင်္အနီကွက်​စိပ်​စိပ်​​လေးကို ခါးတွင်​သိုင်းချည်​ထားပြီး အဖြူ​ရောင်​ကိုယ်​ကျပ်​အကျီင်္နှင့်​ဂျင်း​နကေ်​ဘာင်းဘီအကျပ်တို့ကို လိုက်​ဖက်​စွာ ဝတ်​ဆင်​ထားသည်​ကို​သတိတရရှိ​နေပြန်​သည်​ ။

ဘဝ၏တ​ကွေ့မှသူWhere stories live. Discover now