ဘဝ၏တ​ကွေ့မှသူ

1.3K 171 92
                                    

ဤအပိုင်းအတွက်​ Justin Bieber ၏ Stuck In the Moment နှင့်​ Kelly Clarkson ၏ Stronger ကိုနားဆင်​၍ ဖတ်နိုင်​သည်​ ။


သူနှင့်​အမှတ်​တရ


တသက်​လုံးဖွင့်​​ပြော​တော့မည်​မဟုတ်​ဟု ထင်​မှတ်​သည့်​ စကားတစ်​ခွန်း ဂျုံအင်း၏နှုတ်​ခမ်းပါးမှ တိုးလျစွာထွက်​ကျလာ​သောအချိန်​သည်​ ကျ​နော့်​ဘဝတစ်​​လျှောက်​လုံးတွင်​ အ​ပျော်​ဆုံးအချိန်​ဖြစ်​ရပြန်​သည်​ ။

" ငါ မင်းကိုချစ်​တယ်​ ~ ဂ​ယောင်​ဆူး ။ ​နောက်​ကျ​နေမှန်း​တော့သိတယ်​ ဒီလက်​စွပ်​​လေးလက်​ခံ​ပေး နိုင်​မလား "

ည​နေခင်းစား​သောက်​ဆိုင်​၏ မှီး​ရောင်​မှိန်​မြမြ​အောက်​တွင်​ ကြယ်​​လေးလို့ တစ်​ဖျက်​ဖျက်​လတ်​​နေ​သော လက်​စွပ်​ကွင်း​လေးကို ​သူထိုး​ပေး​နေသည်​ ။

လက်​တစ်​ဖက်​က​တော့ သူ၏ဇာတ်​ပိုးကို ဟိုပွတ်​သည်​ပွတ်​လုပ်​ကာ ​ခေါင်းကလည်းတဖက်​ကို​စောင်းထားသည်​ ။

" ဂျုံအင်း ~ ကျ​နော့်​ကို အမြဲတမ်းအံ့သြ​အောင်​ လုပ်​နိုင်​တယ်​ "

လက်​စွပ်​မစွပ်​​ပေးတဲ့ အလိုက်​မသိတတ်​မှု့အတွက်​ အပြစ်​မယူ​တော့ပါ ။ သူ့ပုံစံက Crush ​ရှေ့​ရောက်​​နေ​သော အထက်​တန်း​ကျောင်းသား​လေး တစ်​​ယောက်​လို ချစ်​ဖို့​ကောင်း​နေ​သော​ကြောင့်​ ခွင့်​လွှတ်​လိုက်​ခြင်းဖြစ်​သည်​ ။

" ဒါနဲ့ ဂျုံအင်းရဲ့လက်​မှာ​ကော ? "

" ကိုက ဒီမှာ​လေ "

လည်​ပင်းတွင်​ ဆွဲကြိုးမျှင်​မျှင်​​လေးဖြင့်​ လက်​စွပ်​ကိုဆွဲထားကာ အကျီင်္အတွင်းသို့ ပြန်​ထည့်​ကာ ဝှက်​လိုက်​သည်​ ။

" ကျ​နော်​လဲ ဆွဲကြိုးဆွဲချင်​တယ်​ "

" အဲဒါ​တော့ မရဘူး ။ လက်​မှာဝတ်​ရမယ်​ ။ အဲဒါမှ ပိုင်​ရှင်​​ရှိ​ကြောင်း လူများသိမှာ "

ကျ​နော်​လက်​စွပ်​မဝတ်​မှာစိုးလို့ထင်​သည်​ သူကိုယ်​တိုင်​လျင်​လျင်​မြန်​မြန်​ပင်​ ဆွဲကာဝတ်​​ပေးလိုက်​သည်​ ။

You've reached the end of published parts.

⏰ Last updated: Jun 15, 2016 ⏰

Add this story to your Library to get notified about new parts!

ဘဝ၏တ​ကွေ့မှသူWhere stories live. Discover now