Note - Birdy ၏ ' Skinny Love ' အားနားထောင်၍ ဖတ်နိုင်ပါသည် ။ ဒီအပိုင်းအတွက် Song လေးကို ညွှန်းပေးခြင်းဖြစ်ပါသည် ။
ဘဝ၏တကွေ့မှသူ
သူသည်ဘဝ၏တကွေ့တွင် ခန့်ညားစွာတည်ရှိခဲ့ဖူသည် ။
သူနှင့်စတင်တွေ့ဆုံခြင်း
" Hi " ဟူသောစကားလေးက လူတိုင်းသုံးလေ့သုံးထရှိသော နှုတ်ခွန်းဆက်စကားလေးပေမဲ့ ဝန်ခံကြရရင် " ချစ်ခြင်း " တစ်ခု၏နောက်ကြောင်းကိုပြန်ကောက်ပါက ထိုစကားလေးနှင့်ပင် ရိုးရှင်းစွာစတင်ကြသည် မဟုတ်ပါလား ။
သူနှင့် စတင်တွေ့ဆုံခြင်းသည် ဖတ်နေကြသော အချစ်ဝတ္တုတွေထဲမှာကဲ့သို့ တစ်ယောက်နှင့်တစ်ယောက်တိုက်မိကာ ရင်ခွင်အတွင်းသို့ပစ်လဲကြသွားသော စိတ်ကူးယဉ်ဆန်ဆန် တွေ့ဆုံခြင်းမဟုတ်ခဲ့ပါ ။
" Hi ! ကိုယ့်ကိုတစ်ခုလောက်ပြောခွင့်ပေးပါလား "
သူ့နှင့် ဆန်ကျင့်ဘက်အရပ်သို့မျက်နှာလွှဲနေသော ကျနော့်ကိုအနောက်မှ လက်တို့ခေါ်ကာ နှုတ်ဆက်ခြင်းဖြင့်ပင် အရိုးရှင်းဆုံးစတင်တွေ့ဆုံခဲ့ခြင်း ဖြစ်သည် ။
ထိုနေ့က ရာသီဥတုအခြေအနေ မည်သို့ရှိခဲ့သည်ကို ကျနော်မမှတ်မိသော်လည်း သူ့ရဲ့မျက်နှာရိပ်လေးက ကြည်လင်ရှင်းသန့်နေသည်ကို ကောင်းကောင်းသတိတရရှိနေသည် ။
ထိုနေ့က ကျနော်ဘာဝတ်ခဲ့မိသည်ကို မမှတ်မိသော်ငြားလည်း သူကတော့ အကျီင်္အနီကွက်စိပ်စိပ်လေးကို ခါးတွင်သိုင်းချည်ထားပြီး အဖြူရောင်ကိုယ်ကျပ်အကျီင်္နှင့်ဂျင်းနက်ေဘာင်းဘီအကျပ်တို့ကို လိုက်ဖက်စွာ ဝတ်ဆင်ထားသည်ကိုသတိတရရှိနေပြန်သည် ။
![](https://img.wattpad.com/cover/74221263-288-k96316.jpg)
YOU ARE READING
ဘဝ၏တကွေ့မှသူ
Romanceဤ fiction အားဖတ်ခြင်းဖြင့် ပျင်းရိခြင်းရသကို ပေးစွမ်းနိုင်မည်ဟု အာမခံပါသည် ။