Part 10

2.5K 266 11
                                    

Kai သက်​ပြင်းချမိသည်​ သူ kyung soo မျက်​နှာကို ဘယ်​လိုရင်​ဆိုင်​ရမလဲ ... kyung soo အသက်​ အန္တရာယ် ကြုံနေတဲ့ချိန်မှာ သူက ရပ်ကြည့်နေခဲ့တာ အခုလည်း မျက်စိရှေ့မှာ ခံစားနေရတဲ့ kyungsoo နာကျင်မှုတွေကို မြင်နေရပေမယ့် သူဘာမှလုပ်ပေးနိုင်တာမရှိ ... ခပ်ဝေးဝေးက ရပ်ကြည့်နေရုံသာ တတ်နိုင် သည် ...

သူစိတ်ထဲ မကျေမနပ်ဖြစ်မှုတွေ များလာသည် ဘယ်သူ့ကိုမှ ဒေါသထွက်တာ မဟုတ်ပဲ သူ့ကိုယ်သူ အားမလိုအားမရ ဖြစ်နေမိတာ ..
kyung soo ကို အန္တရာယ်ကြားထဲ တွန်းပို့ လိုက်သလို ဖြစ်နေတာ ... အခုလောလော ဆယ်တော့ kyung soo နဲ့ ဝေးဝေးနေတာ အကောင်းဆုံးပဲ ... minya soo

သူ့ကို မျှော်လင့်ပြီး အားကိုးတကြီးကြည့်နေတဲ့ kyung soo ကို ခေါင်းခါပြလိုက်ပြီး ကျောခိုင်း ထွက်လာခဲ့သည် မသိမသာ ပြန်လှည့်ကြည့်မိ တော့ kyung soo မျက်လုံးထဲက နာကျင်မှု တွေကို မြင်လိုက်ရသည် တောင်းပန်ပါတယ် မင်းနားမှာ ဆက်နေဖို့ ငါသတ္တိမရှိတော့ဘူး မင်းကိုငါ ကာကွယ် မပေးနိုင်ခဲ့ဘူး soo ဘယ်လောက် နာကျင်နေလိုက်မလဲ

သူလည်းနာကျင်တာပဲ kyung soo နဲ့သူနဲ့က ဘာမှမဟုတ်ဘူးလေ သူတို့ relation က ချစ်သူမဟုတ် သူငယ်ချင်းမဟုတ် .. kai ကသာ ဖွင့်ပြော ထားပေမယ့် kyung soo က အဖြေကို တိတိ ကျကျပေးတာ မဟုတ် .. ဒါပေမယ့် တစ်ယောက်မျက်လုံးက တစ်ဆင့် တစ်ယောက်မြင်နေရတာပဲလေ .. kyung soo သူ့ကို ချစ်နေတာ သိတာပေါ့ soo လက်ခံလာမယ့် နေ့ကို စောင့်နေတာ ... ခုတော့ ဖြစ်နိုင်တော့ပါ့မလား ??

" kai !! လိုက်ရှာလိုက်ရတာ "

sehun အမောဖြေနေတာကို မစောင့်ပဲ ဆက် သွားနေမိသည်

"yah ! kai ငါပြောတာ ကြားလား ? "

" sehun ငါတစ်ယောက်ထဲ နေချင်တယ် "

သူ့ပုံစံကိုကြည့်ပြီး sehun ဘာမှဆက်မပြော တော့ဘူး ဘေးကတိတ်တိတ်လေး လိုက်လာ တယ် သူဘာလို့မကယ်နိုင်တာလဲ ? kyung soo ကို အားနာတယ် .. soo သူ့ကို အခုယုံ တော့မှာ မဟုတ်ဘူး အမြဲတမ်း အသက်ထက် ချစ်ပါတယ်လို့ ပြောနေပြီးတော့ တကယ် အသက်အန္တရာယ်ကြုံရတဲ့ချိန်မှာ ရပ်ကြည့်နေ တဲ့ လူတစ်ယောက်ကို ဘယ်သူကယုံကြည်မှာ လဲ ? ခပ်ဝေးဝေးကနေပဲ ကြည့်နေတော့မယ်

My Turn To Cry [Completed]Where stories live. Discover now