Part 13

2.3K 234 1
                                    

ဘေးနားက အေးစက်နေတဲ့ နေရာလွတ်ကို လက်နဲ့စမ်းမိတော့ အလိုလိုညည်းညူမိသည်
နှာခေါင်းကို တရှုံရှုံလုပ်ရင်း အာရုံခံအင်္ဂါတွေကို နှိုးဆွမိသည် ခေါင်းအုံးထဲ မျက်နှာနှစ်ရင်း တစ်ချက်မှာ ခပ်ပြင်းပြင်းရှုသွင်း လိုက်တော့ ချောင်းဆိုးသွားသည်

ဘာနံ့လဲ ?

ကျောက်ခဲတစ်ခုလို လေးလံနေတဲ့ခေါင်းကို ထောင်မတ်လိုက်ပြီ အိပ်မှုန်စုံမွှားနဲ့ အိပ်ခန်းထဲ ကထွက်လာလိုက်သည် သမ်းဝေနေတဲ့ပါးစပ်ကို ပိတ်ရင်း မျက်လုံးကို ပွတ်ကာ ထမင်းစားခန်းထဲ ရောက်လာသည်

"kai??"

" Morning hyung "

သူအခုထိသတိမထားမိသေး ရေတခွက်ထည့် ကာသောက်နေရင်း kai ကိုသေချာကြည့်မိသည် အ့တော့မှ သောက်လက်စရေတွေကို ထွေးထုတ်မိပြီး ချောင်းဆိုးသွားသည် သူ့အဖြစ် ကို kai ကတော့ မျက်မှောင်ကျုတ်ပြီး ကြည့်နေ သည်

"ဘ-ဘာလုပ်နေတာလဲ"

ရယ်ချင်တာကို မနည်းထိန်းပြီးမေးမိသည် သူ့တစ်သက်မှာ ဒီလောက်လှတဲ့ မနက်ခင်းလေး ရှိတော့မယ်မထင်....မနက်အိပ်ရာထထချင်း kai က apron ဝတ်ပြီးထမင်းစားခန်းထဲမှာ ကြိုးစား ပမ်းစားချက်နေတဲ့ ပုံလေးက သူ့မျက်လုံးထဲမှာ ချစ်ဖို့ကောင်းလွန်းနေသည်

"breakfast လုပ်နေတာလေ အ့လိုကြီးရပ်မနေနဲ့ လာကူလုပ်ဦး"

အလိုမကျသလို တွန့်ချိုးနေတဲ့မျက်ခုံးရယ် ဆူသလိုမဆူသလို လုပ်ထားတဲ့နှုတ်ခမ်းရယ်
သေချာပါပြီ Kai စိတ်ဆိုးသွားတာ ...... သူ့ကို ရယ်လိုက်လို့ စိတ်ဆိုးနေတဲ့ kai ဘေးနား ကိုသွားလိုက်သည် အခုတော့မချော့သေးဘူး စဦးမှပါ

" ဟမ် hyung အတွက် ပြင်ပေးနေတာမလား?"

"ဟုတ်တယ်လေ"

"အ့တာဘာလို့ ကူရမှာလဲ ဒီတိုင်းထိုင်စားရမယ် ထင်နေတာ"

"အာ hyung !!! နည်းနည်းတော့ အလိုက်တသိ လေးကူဦးမှပေါ့"

"okok wait a minute"

ဒီထက်ပိုစိတ်ကောက်နေတဲ့ ကောင်လေးကို မမြင်ချင်တော့တာမို့ မျက်နှာမြန်မြန်သစ်ပြီး ပြန်ဝင်လာခဲ့သည် ...umm ...မရှိစုရှိစုတစ်ခုထဲ သောအိမ်လေး မီးလောင်ပြာကျသွားမှာ မမြင် ချင်တာလဲပါတာပေါ့လေ

My Turn To Cry [Completed]Where stories live. Discover now