<5>

5.9K 496 40
                                    


"ခ​လေး အဆင်​သင့်​မဖြစ်​​သေးဘူးဆိုရင်​..."

"ရပါတယ်​... ဆက်​လုပ်​ပါ..."

နဖူး​ပြင်​ကိုလာနမ်း​သော အနမ်းက​နေ
နှုတ်​ခမ်း​တွေဆီသို့
အနည်းငယ်​ပြင်းရှ​သော အနမ်း​တွေဖြစ်​လာခဲ့သည်​..

ရင်​ဘတ်​​ပေါ်မှာ အလုပ်​ရှုပ်​​နေတဲ့ သူ့နှုတ်​ခမ်း​တွေရဲ့
ဆွဲ​ဆောင်​မှုမှာ မငြင်းနိုင်​ခဲ့....

တလိမ့်​လိမ့်​ကျဆင်းလာ​သော မျက်​ရည်​​တွေဟာ
နာကျင်​လွန်းလို့ မဟုတ်​ခဲ့ပါ....

သူဟာ ဟန်​​ဆောင်​​နေတာ မဟုတ်​ခဲ့ရင်
သိပ်​​ကောင်းမှာပဲ ဟူ​သော အ​တွေးက
လူကိုသတ်​​နေသလိုမျိုး....
နာကျင်​လွန်းလှသည်​...

"ဟာ ခ​လေး အရမ်းနာလို့လား...."

နှုတ်​ခမ်း​တွေကို လာနမ်းကာ ​ပြောလိုက်​​သော
သူ့မျက်​နှာမှာ အလွန်​စိတ်​မ​ကောင်းဖြစ်​​နေ​သော
အရိပ်​အ​ယောင်​​တွေမို့ ကိုယ့်​ကိုယ်​ကို အပြစ်​တင်​လိုက်​မိသည်​...

"မဟုတ်​ပါဘူး... နဲနဲပဲနာတာပါ..."

အထပ်​ထပ်​​တောင်းပန်​ရင်း ရင်​ခွင်​ထဲ​ထွေးဖက်​ထား​သော သူ့ရင်​ခွင်​ထဲမှာ သူ့ကိုယ်​သင်းရနံ့ကို
မှတ်​သားရင်း အိပ်​​ပျော်​သွားခဲ့သည်​....

*****¿¿??**********¿¿??*****

"ခွမ်း..."

ဒီတိုင်းဆိုမဖြစ်​ဘူး...
ဒီိလိုမျိုး​ရော့တိ​ရော့ရဲ ဖြစ်​​နေလို့မရဘူး
တ​နေ့တခြား Chanyeol ရဲ့ အချစ်​​တွေ
ကြားမှာ သူ​မျောပါ​နေလို့မဖြစ်​ပါ..

"Fan Fan ဘာဖြစ်​လို့... ဟင်​.."

ပြေးဝင်​လာမိပီးမှ စားပွဲ​ပေါ်က အရက်​ပုလင်းကို
မြင်​ကာ ​ခြေလှမ်းတို့ရပ်​လိုက်​မိသည်​....

ရီ​ဝေ​ဝေလှမ်းကြည့်​​နေ​သော Yi Fan ရဲ့
မျက်​လုံးမှာ ​တခါမှမမြင်​ဖူး​သော ​ဒေါသတချို့ရှိ​နေသည်​...

စာကျက်​ရင်းထလာပုံရ​သော
Chanyeolရဲ့ ပုံစံ​လေးက ဖရိုဖရဲ..

ပါဝါမပါ​သော ​လေး​ထောင့်​မျက်​မှန်​အထူ​လေးနဲ့
ညဝတ်​စုံ အပြာ​ရောင်​​ဖျော့​ဖျော့​လေးဟာ
Chanyeol ကိုပိုပီး ခ​လေးဆန်​​စေကာချစ်​စဖွယ်​ဖြစ်​​နေ​တာဟာ တလိပ်​လိပ်​တတ်​လာ​သော
သူ့​ဒေါသေ​​တွကို ပိုတိုး​စေခဲ့သည်​.....

My Broken PrinceWhere stories live. Discover now