"Fan Fan..."မနက်စာပြင်နေသော
သူ့ခါးဆီ နောက်ကနေဖက်လိုက်သော
လက်ချောင်းဖောင်းဖောင်းလေးတွေ.....တွန်းဖယ်ပစ်ဖို့ စိတ်တင်းပီး အံတချက်ကြိတ်လိုက်မိသည်......
ထိုလက်ချောင်းနုနုကို အားတင်းဆုပ်ကိုင်လိုက်သော
သူ့လက်ချောင်းတွေ မသိမသာတုန်ယင်နေခဲ့လေရဲ့.."ဟင်.."
Chanyeol နောက်ဆုတ်ရပ်လိုက်တာကို
သိသည်...သူလှည့်ကြည့်လိုက်သော အနည်းငယ်ငုံ့ထားသော မျက်နှာလေး...
အိပ်ရာထစမို့ မို့ဖောင်းနေသည့်
သွေးရောင်လွှမ်းပါးပြင်လေးရယ်...ချည်သားလက်ရှည်ပွပွကလက်အတော်ပင်ရှည်တာမို့
လက်ချောင်းတွေတောင် သေချာမမြင်ရပေ...
ထိုလက်ချောင်းလေးတွေကိုဘေးမှာတွဲလောင်းချပီး
ငူငူလေးရပ်နေသော ပုံရိပ်လေးကို ထွေးပွေ့ထားချင်စိတ်ကို မျိုချရင်း...."မနက်စာစားရအောင်..."
သံပါတ်ပေးထားတဲ့ အရုပ်လေးလို တောင့်တောင့်လေး ခုံမှာဝင်ထိုင်လိုက်တာကို သေချာကြည့်နေပေမယ့် ...
Chanyeol မျက်လုံးတွေက သူ့ဆီရောက်မလာတော့...ဝတ္တရားကျေအနည်းငယ်သော မနက်စာကို စားအပီးမှာမှ သူ့ကိုငေးကြည့်လာသော
အကြည့်တွေ.....စကားတွေပြောတတ်သည့်အကြည့်တွေကို
ရင်မဆိုင်ချင်....ကြေကွဲရိပ်လွှမ်းနေတဲ့ မျက်ဝန်းတွေရဲ့နောက်မှာ
သူ့ကိုယ်သူသတ်သေချင်လောက်အောင် မွန်းကြပ်မိတာ အမှန်...."Fan Fan..."
"အင်း... ပြော...."
စကားထပ်မဆိုပဲ သူ့ကိုပြုံးပြကာ
Chanyeol က ထထွက်သွားလေသည်....ထိုအပြုံးလေးနဲ့ဖုံးကွယ်ထားခဲ့သော
မျက်ရည်ဝဲနေသည့်မျက်လုံးလေးတွေဟာ...
သူရှေ့ဆက်မယ့်လမ်းအတွက်
အတားအဆီးတွေပေါ့....
YOU ARE READING
My Broken Prince
FanfictionKrisyeol Boy*Boy #Revenge #Hate #Love #Regret @HtetWai6100