ရင်​၌​ရေးသီ..ချစ်​​တေးပန်းချီ (၁)

447 23 4
                                    


အချစ်​က ကျွန်​​တော့်​ထံ​ရောက်​ရှိလာချိန်​သည်​​နွေ
ဦးလွန်​ပြီးမှဖြစ်​သည်​။နွေအလွန်​ပန်းချီကား​လေးတစ်​ချပ်​မှအစပြု၍..အချစ်​သည်​ကျွန်​​တော့်​ကိုတည်​ငြိမ်​စွာ​စောင့်​ကြို​နေခဲ့သည်​။

အိုး!!....လှလိုက်​သည့်​ဖြစ်​ချင်း​ကောင်​မ​လေးရယ်
ငါလိုပန်းချီဆရာတစ်​​ယောက်​​က မင်းအလှကိုဘယ်
လိုရသ​မြောက်​​ပေါ်လွင်​​အောင်​​ရေးဆွဲရပါ့မလဲ

မင်း..သိပ်​လှတယ်​....​ကောင်​မ​လေးရယ်

ပန်းခြံအတွင်းရှိတစ်​​နေရာတွင်​စိမ်းနုဖတ်​​နေ​သော
မြက်​ခင်း​ပြင်​ပေါ်၌အိမ်​​မွေး​ခွေးတစ်​​ကောင်​နှင့်​​ပြေး
လွှား​ဆော့ကစား​နေ​သောသူမရဲ့​ပုံရိပ်​​လေးကပန်း
က​လေးတစ်​ပွင့်​လွတ်​လပ်​စွာတိမ်​​ပေါ်မှာဝဲလွင့်​​​နေ
သ​လိုပင်​။မနက်​ခင်းရဲ့အလှဟာထိုပန်းပွင့်​​​လေး
ကြောင့်​အပြစ်​အနာအဆာမရှိ​သောသိပ်​ကိုလှပတဲ့
ကဗျာဆန်​​တဲ့မနက်​ခင်း​လေးတစ်​ခုဖြစ်​သွား​စေခဲ့
သည်​။

ထိုပန်းပွင့်​လေးရဲ့အလှကို မမြင်​ကွယ်​ရာမှ​နေပြီး
ခဲတစ်​ရာ၊စုတ်​တစ်​ချက်​နဲ့ ရသ​မြောက်​ပန်းချီကား
လေးတစ်​ချပ်​အဖြစ်​ အို့ဆဲဟွန်း ရ​အောင်​ဖန်​တီးယူ
ခဲ့သည်​။

ထိုပန်းချီကားထဲမှမိန်းက​လေးသည်​..​နောင်​တစ်​ချိန်
တွင်​..ကျွန်​​တော့်​ရင်​၌​ပေါက်​ဖွားလာမည့်​ချစ်​ခြင်း
မေတ္တာတစ်​ခု၏ပြယုဂ်​တစ်​ခုဖြစ်​လာခဲ့သည်​။

...........။...........။.............။

"ဟင်​..."

မျက်​လုံး​လေးအဝိုင်းသားနဲ့ ​ဘေးပတ်​ဝန်းကျင်​ကို
လု ​ခေါင်းလှည့်​ရမ်းကာရှာ​ဖွေမိ​တော့ လူရိပ်​လူ
ယောင်​ရယ်​လို့ဘယ်​သူ့ကိုမှမ​တွေ့ရ။ပန်းချီဘုတ်​ပြား
မှာဆွဲထားသည့်​မိမိရဲ့ပုံတူပန်းချီက​တော့ခုမှလတ်​လတ်
ဆတ်​ဆတ်​​ဆွဲပြီးခါစ။ရေ​ဆေးဖြင့်​ဆွဲထား​သော​ကြောင့်​ဆေးသားကသိပ်​​တောင်​မ​ခြောက်​​သေး​။

"ငါ့...ပုံကိုခွင့်​ပြုချက်​မယူပဲခိုးဆွဲထားတာ​ပေါ့​လေ
ဝိုး..လက်​ရာက​တော့မ​ခေဘူး..ပန်းချီကားထဲမှာ
တောင်​ငါ့ကို​တော်​​တော်​လှ​အောင်​​ဆွဲထားနိုင်​တယ်​"

ရင်​၌​ရေးသီ..ချစ်​​တေးပန်းချီOnde histórias criam vida. Descubra agora