ရင်​ထဲ​ရေးသီ..ချစ်​​တေးပန်းချီ(၂)

244 19 1
                                    

              •~~~~•~~(၂)~~•~~~~•

"ဟဲလို...မင်းဘယ်​သူလဲ..ဘာလို့ငါ့ပန်းချီကား
ကိုခိုးသွားရတာလဲကွ..​ဟေ့​ရောင်​သူခိုး..မင်းအခု
ဘယ်​မှာလည်း...ငါ့ကို​ပြော"

"အံမယ်​..ရှင်​ကများလူကို​အော်​လား​ငေါက်​လား
နဲ့..လူကိုများသူခိုးတဲ့..ရှင်​က​ရော...

".............."

ပိုင်​ရှင်​ဆီက​နေခွင့်​ပြုချက်​မယူပဲနဲ့ပုံခိုးဆွဲပြီး​တော့
အဲ့ဒါဆိုရင်​ ရှင်​လည်းသူခိုးပဲ..ပုံခိုးဆွဲတဲ့ပုံဆွဲသူခိုး"

"အမ်​"

တစ်​ဖက်​က​​နေထွက်​​ပေါ်လာ​သော မရပ်​မနားခွန်း
တုန့်​ပြန်​​နေတဲ့အသံက​ယောကျာ်း​လေးသံမဟုတ်​။
မိန်းခ​လေးတစ်​​ယောက်​၏အသံ။

ကြားလိုက်​ရသည့်​ခပ်​စွာစွာအသံလွင်​လွင်​​လေးက
ခပ်​ငယ်​ငယ်​​မိန်းခလေးတစ်​​ယောက်​၏အသံလိုမျိုးမို့
အို့ဆဲဟွန်း ​ကြောင်​အမ်းဆွံ့အမိသွားသည်​။

"ဒါဆိုမင်းက..ပန်းချီကားထဲက..."

"ဟုတ်​တယ်​..ရှင်​ကျွန်​မပုံကိုခိုးဆွဲထားတာ​လေ
ကျွန်​မက ကျွန်​မပုံမို့လို့ယူသွားတာ..ကျွန်​မသူခိုးမ
ဟုတ်​ဘူးရှင့်​...ရှင်​ကသာကျွန်​မမသိ​အောင်​ ကျွန်​မပုံ
ကိုခိုးဆွဲထားတာ..ရှင်​ကမှတကယ့်​သူခိုးအစစ်​ကြီး

".......^.....^......."

ဒါပဲ...ဒါပဲ...ကျွန်​မပန်းချီခိုး​ဆွဲတဲ့သူတွေနဲ့စကား
မ​ပြောချင်​ဘူး..ဖုန်းချလိုက်​ပြီ..ဒါပဲ"

"ဟိုက်​...​"

"............."

"ဟေ့...​ဟေ့..ခန​နေအုံး..​ဟေ့"

တစ်​ဖက်​မှမိန်းခ​လေးက ကရား​ရေလွှတ်​သလို​ပြော
ချင်​ရာကိုဆက်​တိုက်​​ပြောချသွား​ပြီးဖုန်းကို​လည်း
ကောက်​ခါငင်​ကာချက်​ချင်းကြီးချသွား​လေသည်​။
ကျွန်​​တော့်​မှာ​ဘာမှ​တောင်​သိပ်​ပြီးမ​ပြောလိုက်
ရ​တာ​ကြောင့်​ရင်​ထဲမှာကလိကလိနဲ့စိတ်​ထဲတနုံ့
နုံ့ဖြစ်​ကာကျန်​ရစ်​ခဲ့ရတာတော့အမှန်​ပင်​။

"ဟူး...ဘယ်​လိုမိန်းက​လေးမျိုးနဲ့ လာ​တွေ့​နေရတာ
ပါလိမ့်​..လူမသိသူမသိငါ့ပန်းချီကားကိုယူသွားပြီး​တော့
သူခိုးကလူပြန်​ဟစ်​သွားတယ်​...ဘယ်​လို​ကောင်​မ​လေး
လည်းမသိဘူး.."

အမှန်​​ပြောရရင်​ ပန်းချီကားကိုယူသွားခဲ့တဲ့သူက
မိန်းခ​လေးတစ်​​ယောက်​ဖြစ်​လိမ့်​မယ်​လို့ကျွန်​​တော်
လုံးဝမထင်​ထားခဲ့မိတာကအမှန်​။ကျွန်​​တော်​ကျိန်း
သေ ​သေချာ​ပေါက်​တွက်​ထားခဲ့တာ​ယောက်ျား​လေး
ပဲဖြစ်​လိမ့်​မယ်​​ပေါ့။ခု​တော့...ခပ်​စွာစွာမိန်းက​လေး
တစ်​​ယောက်​ဖြစ်​​နေလို့ အို့ဆဲဟွန်း အတွက်
နည်းနည်းပါးပါးမဆိုစ​လောက်​​​တော့အံ့သြစရာ​တစ်
ခုဖြစ်​ခဲ့ရသည်​။

"အဟတ်​..ပန်းပွင့်​​လေးကလွယ်​​တော့မလွယ်​ဘူးပဲ"

"အမ်​..."

"..........."

"ပန်း....ပွင့်​​.....လေး"

"ပန်း....ပွင့်​​....လေး"

ကိုယ့်​ပါးစပ်​က​နေရုတ်​တရက်​ကြီးလွတ်​ထွက်​သွား
ရတဲ့နာမည်​​လေးကိုဖြည်းဖြည်းချင်း၊တစ်​လုံးချင်း၊
ခပ်​ဖွဖွလေး​တိုးကာ ဆဲဟွန်း ရေရွတ်​​နေမိတယ်​။

ပန်းခြံမှာတုန်းကထိုပန်းချီ ကား​လေးကိုဆွဲလို့အပြီး​ကားနာမည်​ကိုဘာ​ပေးရမလည်းလို့စဉ်းစားမိ​တော့
ပန်းချီကား​လေးရဲ့ညာဘက်​​ထောင့်​နား​လေးမှာ 
ဆေးအနီ​ရောင်​​လေးနဲ့ ပန်းပွင့်​​လေး လို့သူချ​ရေးခဲ့
မိတာကိုမျက်​လုံးထဲသွားမြင်​မိတယ်​။

"ကျွန်​​တော်​​ပေးခဲ့တဲ့..ပန်းချီကား​​လေးနာမည်​​က
ပန်း..ပွင့်​..​လေး..​လေ..ဘယ်​ချီကားထဲက​ကောင်
မ​လေးနဲ့ လိုက်​ဖက်​တယ်​​နော်​"

ဆဲဟွန်း....နှုတ်​ခမ်းအနား​ဖျားလေး​​တွေခပ်​​​ကော့
ကော့​လေးဖြစ်​သွားတဲ့အထိ ၊သဲ့သဲ့​လေးအသံ
ထွက်​ကာပြုံးလိုက်​မိသည်​။

သူတစ်​​ယောက်​ထဲသာသတ်​မှတ်​​ခေါ်​ဝေါ်ခဲ့တဲ့ထို
နာမည်​​လေးကိုကာယကံရှင်​ဖြစ်​သူက သိမှာမ
ဟုတ်​​သေး​ပေ။ကံတရားရဲ့လှပစွာကျီစားသန်
နောက်​​ပြောင်​မှု​ကြောင့်​မ​မျှော်​လင့်​ပဲ​တွေ့ဆုံခဲ့ရတဲ့
ကျွန်​​တော်​တို့နှစ်​​ယောက်​ကြားမှာ၊  ဒီအဖြစ်​ပျက်​​လေးဟာကြည်​နူးစရာအမှတ်​တရ​လေးတစ်​ခု​ပေါ့
နော်​။

ကျွန်​​တော်​​လေအဲ့ဒီကြည်​နူးစရာ​ကောင်းတဲ့အမှတ်
တရထဲက​နေ..ခပ်​စွာစွာပန်း​လေးတစ်​ပွင့်​ကိုဘယ်
ဘက်​ရင်​တစ်​​နေရာမှာထာဝရစိုက်​ပျိုးသွားချင်​ခဲ့မိ
တယ်​။

                 စမ်းကျရေစင်
                 ချစ်​သူ့သံသာ
                 ကာရန်​​တေး​ကောက်
                 ရင်​ကို​ဖောက်​လို့
                 ရင်​ခုန်​သံပွဲ​လေး
                 ကျင်းပချင်​မိ။

                            
                  •~~~~•~~~~•~~~•

Bạn đã đọc hết các phần đã được đăng tải.

⏰ Cập nhật Lần cuối: Aug 20, 2016 ⏰

Thêm truyện này vào Thư viện của bạn để nhận thông báo chương mới!

ရင်​၌​ရေးသီ..ချစ်​​တေးပန်းချီNơi câu chuyện tồn tại. Hãy khám phá bây giờ