Part - 1

5.8K 250 7
                                    

''ဟူးးးးစိတ်တိုလိုက်တာ''

အပြင်ကနေရှူးရှူးရှဲရှဲနှင့် စိတ်တိုပြီးပြန်လာသော Sehun ကို Kai တစ်ယောက်မျက်လွှာပင့်ကြည့်လိုက်ပီး စိတ်မဝင်စားသလိုနှင့် ဂစ်တာကိုသာဆက်ပြီး တီးနေလိုက်တယ် Sehun တစ်ယောက် သူ့ကိုလုံးဝဂရုစိုက်ပုံမပေါ်တဲ့ Kai ကြောင့် သူ့မှာ ထပ်ပြီးစိတ်တိုကာ လေသာဆောင်မှာ ပန်းချီဆွဲနေတဲ့ Chanyeol ဆီကို တက်လာခဲ့တယ်

''စိတ်တိုလိုက်တာ''

Chanyeol ကြားနိုင်ရုံအသံနှင့် ထပ်ပြောလိုက်ပေမယ့် သူ့စကားကို Chanyeol ကကြားပုံမရတော့ သူ့မှာ စိတ်တိုလွန်းလို့ ကျွမ်းပဲထိုးပစ်ရမလား တိုက်ပေါ်ကပဲ ခုန်ချရတော့မလား အဲ့လိုကိုဖြစ်သွားရတယ်

''Chanyeol''

စိတ်တိုတိုနှင့် Chanyeol နာမည်ကို ခပ်ကြမ်းကြမ်းခေါ်လိုက်တော့ Sehun ဘက်ကို တစ်ချက်စောင်းငဲ့ကြည့်ကာ

''ဘာလဲ''

''ငါစိတ်တိုနေတယ်လေ''

''အဲ့တော့ငါကဘာလုပ်ပေးရမှာလဲ''

Chanyeol ပြောလိုက်တဲ့စကားကြောင့် Sehun မျက်နှာစူပုတ်ပုတ်ဖြစ်ကာ

''ငါကမင်းညီလေ ငါစိတ်တိုနေတာကို ဒီတိုင်းပဲထားတော့မှာလား''

''အဲ့တော့ငါကထိုင်ရှိခိုးရမှာလား ဒါဆိုရင်တော့ မင်းငရဲကြီးသွားနိုင်တယ် ငါကမင်းထက် နှစ်နှစ်ကြီးတယ်''

Wu မိသားစုမှာ Chanyeol က သားအကြီးဆုံးပါ Sehun နဲ့ Kai ကတော့ အမွှာနှစ်ယောက်ပေါ့ Kai က Sehun ထက် 15 မိနစ်ပိုကြီးတယ် ဒါပေမယ့် သူတို့သုံးယောက်လုံးက သူငယ်ချင်းလိုပဲ ပွင့်ပွင့်လင်းလင်းဆက်ဆံကြတယ်

''ငါမအားသေးဘူး အငယ်လေး မင်းရှုပ်ချင်ရင် Jongin ကိုသွားရှုပ်''

Chanyeol တစ်ယောက် Sehun ကို လုံးဝဂရုမစိုက်တော့ပဲ ပန်းချီကိုသာ ဆွဲမြဲဆွဲနေသောကြောင့် Sehun မှာ ဒေါသဖြစ်ရတာတောင် မလွတ်မလပ် အောက်ထပ်ကိုပြန်ဆင်းလာကာ Kai ရဲ့ စတူဒီယိုအခန်းထဲသို့ နောက်တစ်ခေါက် ထပ်ဝင်လာပြန်တယ်

''Kai''

''ဘာလဲ မင်းကြည့်ရတာ Baekhyun ဆိုတဲ့ ကောင်မလေးကြောင့် စိတ်တိုလာရပြန်ပီလား''

ကျွန်မချစ်သောသူ [Completed]Where stories live. Discover now