Part - 10

1.4K 139 4
                                    

''အဲ့ဒီကောင်မလေးကဘယ်သူလဲ Sehun''

ကားမောင်းရင်းပင် ဒေါသထွက်နေတဲ့ Kai တစ်ယောက် Sehun ကိုမေးလိုက်တယ်

''မင်း ဒေါသမပြေသေးသလို ငါလည်းခုချိန်ထိ စိတ်တိုနေတုန်းပဲ''

Kai လည်း Sehun ကိုကြည့်လိုက်တော့ အတော်ပင်စိတ်တိုနေပုံရတယ် သူလည်း မေးချင်တာကိုခဏထားလိုက်တယ် ဒါပေမယ့် ပြန်တွေးမိတော့ဒေါသပြန်ထွက်ရတယ်

''ဘလိုင်းကြီးသက်သက်ကွာ အဲ့လိုမိန်းကလေးမျိုးကို ငါတစ်ခါမှမတွေ့ဖူးဘူး ဇာတ်လမ်းထွင်တာဆိုလည်း ဒီလိုပုံစံမျိုး ရင်ခုန်ဖို့မကောင်းဘူး''

''ဒါဇာတ်လမ်းထွင်တာမဟုတ်ဘူး အဲ့ဒါသူ့စရိုက်ပဲ''

''ဘာ ဘယ်လို''

''Baekhyun Byun Baekhyun ဆိုတာ သူပဲ''

Baekhyun ဆိုတဲ့နာမည်ကြောင့် Kai တစ်ယောက် မဲ့ပြုံးပြုံးလိုက်မိတယ် သူ့အာရုံထဲမှာ ဆံပင်ကျောလယ်လောက်နှင့် ပိန်သေးသေးကျောပြင်ကို ဖျက်ခနဲပြေးမြင်မိသွားလို့လေ သူတွေးနေတုန်း Sehun က စကားဆက်လိုက်တယ်

''ငါ အောင့်အီးသည်းခံလာတာ တော်တော်ကြာပီ''

''ဘာကြောင့်သည်းခံရတာလဲ သည်းခံတတ်တာ မင်းအကျင့်မှမဟုတ်တာ''

Kai တစ်ယောက် အလိုမကျတဲ့ လေသံနဲ့ပြောလိုက်မှ Sehun လည်း

''ဘာမှအရေးမပါတဲ့ အပေါစားကိစ္စတစ်ခုနဲ့ ခပ်ပေါပေါမိန်းကလေးတစ်ယောက်နဲ့ ခပ်ကြောင်ကြောင် စကားမများချင်လို့ပေါ့ကွာ သူကဒီအဆင့်ထဲကဆိုပေမယ့် ငါတို့အတွက်တော့ သိက္ခာကျတယ်''

Kai လည်း Sehun စကားကို ခေါင်းညိမ့်ထောက်ခံလိုက်ပီး

''ဒီမိန်းကလေးကမင်းပြောသလိုပဲ အရှုပ်ထုပ်ထင်တယ်''

''သူနဲ့တစ်ရက်တွေ့ရင် ဆယ်ရက်လောက်အသက်တိုချင်တယ် အတင်းပြောတာကလည်း ချန်ပီယံပဲ ရွှေတံဆိပ်တွေ ခါးပတ်နက်တွေသာ ရှိခဲ့မယ်ဆို အဲ့ဒါသူ့အပိုင်ပဲဖြစ်လိမ့်မယ်''

''ဘယ်လို''

''မှိုချိုးမျှစ်ချိုးနဲ့လူတစ်ဖက်သားကို အမြဲပြောတာလေ သူ့ကိုကုတ်ကနေ ဟောဒီလိုကိုင်ပြီးသွားကြားထိုးပစ်လိုက်ချင်တာ''

ကျွန်မချစ်သောသူ [Completed]Where stories live. Discover now