Why Not Me*2*

2.5K 224 4
                                    

Jongin's POV
Oh Sehunဆိုတဲ့သူဟာ ငယ်စဉ်ကတည်းက စာတော်သူ ရုပ်ချောတဲ့အပြင် မိဘအသိုင်းအဝိုင်းကြောင့်လည်း ဆရာ ဆရာမတွေရဲ့အလေးပေးခြင်းခံရသူ
ဒါကြောင့်လည်း ကောင်မလေးတွေကြားမှာ ရေပန်းစားတာပေါ့လေ
ကျနော်လား...
ကျနော်တို့၂ယောက်လုံးအနေအထားချင်းတူပါတယ် စာမေးပွဲဖြေတိုင်းမှာတော့ကွဲသွားတယ်
ကျနော့်အတွက်အမြဲဒုတိယနေရာမှာပေါ့ 

သူကပြောဖူးတယ် အမြဲအဆင့်၁ကို အပိုင်ရချင်တာတဲ့ သူလိုချင်တဲ့အရာကို ကျနော်မပိုင်ဆိုင်ချင်ပါ သူပိုင်ဆိုင်ခွင့်ရနေတာကိုကြည့်ရတာ ကျနော်တကယ်ကြည်နူးတယ်...
ချစ်ရသူပျော်ရွှင်နေရင်
ကျနော်ကျေနပ်နေတာပဲလေ
ဒါကလဲကျနော့်ရဲ့ပျော်ရွှင်မှုတစ်မျိုးပေါ့

Phone Ring...
"Why oh why told me why not me...
why oh why we'll meant to be🎵🎵"
ညကြီးမိုးချုပ်phဆက်လာသူ ဘယ်သူရှိမလဲ ကျနော်ချစ်ရသူ Sehunnieပေါ့
"Hello,Hun ah ဒီအချိန်ကြီးဘာဖြစ်လို့လဲ"

"ကိစ္စရှိမှphဆက်ရမယ်ပေါ့ ဟုတ်လား NiNi"
"မဟုတ်ပါဘူးကွာ ငါကမင်းတခုခုဖြစ်တာလားလို့ပါ။ ငါ့ဆီကိစ္စရှိမှ သတိရတာကဘယ်သူလဲ"
"ရတယ် နောက်ဆိုငါသေသေရှင်ရှင် မဆက်သွယ်ဘူး ပစ်ထားလိုက်တော့။"
တီ တီ တီ....call ended...

KJI's POV
ကျနော်လည်းစိတ်ရှုပ်ရှုပ်နဲ့ပြောလိုက်မိတယ် သူစိတ်ဆိုးသွားပြီ မတတ်နိုင်ဘူး မနက်မှပြန်ချော့တော့မယ်။

Sehun's POV
Noonaနဲ့အဆင်မပြေလို့မှ စိတ်ရှုပ်လို့သူ့ဆီphဆက်ပါတယ် အလကားကောင် အချိုးတွေပြောင်းနေတာ ဘာသာရည်းစားမရှာနိုင်ဘဲ သူများစွံတာကိုမနာလိုနေတဲ့ကောင် မခေါ်ဘူး ။

တီတီတီတီ တီတီတီတီ....(Alarm Rings)
ညကငိုပြီးအိပ်ပျော်သွားတာ မနက်နိုးတော့ မျက်လုံးကိုမနည်းဖွင့်ရတယ် အချိန်ဆွဲမနေဘဲရေချိုး Uniformလဲပြီး အောက်ထပ်ဆင်းခဲ့လိုက်တယ်။
ဟော တွေ့ရပါပြီ ကျောင်း၂ရက်ပိတ်တုန်း လွမ်းနေရတဲ့မျက်နှာလေး။ သူလေ Sehunnie ကျနော်လာတာတောင်မသိဘူး ommaနဲ့ ဘာတွေပြောပြီး သဘောကျနေလဲမသိဘူး မျက်လုံးလေးပိတ်နေအောင်ရယ်နေတာ။

မနက်ဆို သူတို့အိမ်ကကားနဲ့သွားပြီး ညနေကျောင်းဆင်းရင်တော့ ကျနော်တို့အိမ်ကလာကြိုတာပါ
အိမ်ချင်းကလည်းကပ်ရပ်ဖြစ်နေတော့ မိဘတွေစီစဉ်ပေးထားတာမဆန်းပါဘူးလေ။
ဟော ကျနော်သာသူ့ဘေးရပ်နေတယ် အခုထိဒင်းလေးကမသိဘူး...
"အဟမ်း! ကျောင်းသွားမယ်လေ"
ကျနော့်ကိုမော့ကြည့်လာတယ် ခုနကမျက်လုံးမှိတ်သွားအောင်ရယ်နေတဲ့
Oh Sehun အခုကျနော့်လည်းမြင်ရော ဆူပုတ်သွားတာ နှုတ်ခမ်းကြီးက တစ်တောင်လောက်ထွက်နေပြီ
သူကရိုးရိုးသားသားစိတ်ကောက်တာပေါ့ ဒီကမရိုးမသားဖြစ်နေတဲ့လူရဲ့ရင်ထဲမှာတော့ ဆူထော်နေတဲ့နှုတ်ခမ်းလေးကိုရန်ရှာချင်ခဲ့တာ အကြိမ်ကြိမ်ပါပဲ ကိုယ့်စိတ်ကိုယ် မနည်းထိမ်းချုပ်ထားရတာ။ ဒါကိုသူလေးမသိပါဘူး။ ကိုယ်မထိရက်မကိုင်ရက် အမြဲငေးကြည့်ခဲ့ရတဲ့ နှုတ်ခမ်းပါးလေးကို သူရဲ့အသက်စေ့နေတဲ့အရေအတွက်ရှိတဲ့ ကောင်မလေးတွေရန်ရှာပြီးသွားပြီလား။
ဒီအတွေးဝင်လာတိုင်းရင်ထဲနင့်ခနဲခံစားရတာ။
ကိုယ့်ဘာသာအတွေးနယ်ချဲ့နေတာ အချိန်ဘယ်လောက်ကြာသွားလဲမသိ ဟိုကြောင်ပေါက်က မျက်လုံးပြူးပြီးလာကြည့်နေတယ် မကြာခင်သူအော်တော့မယ်...

Why Not MeWhere stories live. Discover now