Why Not Me *4*

1.1K 109 4
                                    

၁၀နှစ်ကျော်ကြာ သူငယ်ချင်းအဖြစ် သူ့အတွက်ဆို တိတ်တခိုးချစ်ရသူပေါ့ ထိုကဲသို့ လူမျိုးကို သူစိမ်းတစ်ယောက် ဟု ယခု သူတွေးလိုက်ပြီ။ ထိုသို့ တွေးရလောက်သည့် အကြောင်းတွေ ထိုကောင်လေးရဲ့ နူးညံတဲ့ နှလုံးသားလေးကို မာကျောသွားစေသော အကြောင်းရင်း တွေ ၂နှစ်အတွင်း ဖြစ်ပေါ်လာခဲ့သည်သာ။

🌸 🌸 🌸 🌸 🌸 🌸 🌸 🌸 🌸 🌸 🌸

၂နှစ်​ဆို​သော အချိန်သည်​ ​တော်​​တော်​များများ ​ပြောင်းလဲ​စေခဲ့သည်​။
ဂျပန်​မှ အဘိုးအဘွားများဆီက အ​မွေရစဉ်​ Jonginတို့ တစ်​မိသားစုလုံး ဂျပန်​သို့ ​ပြောင်းရမယ့်​ အ​ခြေအ​နေ နဲ့ ကြုံလာခဲ့သည်​။

ထိုအချိန်​က အထက်​တန်း မပြီး​သေး ဟူ​သော အ​ကြောင်းပြချက်​ဖြင့်​ သူ့အနားမှာ ဆက်​​နေခွင့်​ ရ​အောင်​ ကြိုးစားခဲ့ရ​သေးသည်​။

တချိန်​တွင်​ ထိုကြိုးစားမှုက ​နောင်​တရမည်​မှန်း သိလျှင်​.....
သူကြိုးစားခဲ့မည်​မဟုတ်​...
_________________________________

Last 2 Years ago....

Sehun?
Ommm.... Ni Ni ​ပြော...

Ni Ni ​ပြော... ဆိုတဲ့စကားသံသာ ထွက်​လာတယ်
ကျ​နော့်​ကို ခဏ​တောင်​လှည့်​မကြည့်​သူ...
သူ့အကြည့်​တို့က ကျွန်​​တော့်​ဆီမှာ မရှိ။
သူ့လက်​ထဲက phရဲ့ screen​ပေါ်မှာသာ အာရုံအပြည့်​အဝ စိုက်​ထားသည်​​လေ။

ကျွန်​​တော့်​ဆီမှ ​နောက်​ထပ်​ အသံထွက်​မလာသည်​မို့ထင်​...
"​ဘာ​ပြောမှာလဲ ​ပြော"ဆို​သော အကြည့်​နှင့်​ ​မေး​ငေါ့ပြသည်​။

တကယ်​​တော့ ဒီအပတ်​ပိတ်​ရက်​မှာ ရုပ်​ရှင်​သွားကြည့်​ဖို့ သူငယ်​ချင်း​တွေက လာ​ခေါ်ကြသည်​​လေ။ Sehunက သူ ဒီဇာတ်​ကားကို အရမ်းကြိုက်​တာမို့ သူနဲ့ပဲသွားကြည့်​ရမယ်​လို့ အရင်​ရက်​ထဲက Jongin ကို ​ပြောထားသည်​။

ထို့​ကြောင့်​ Jongin သူငယ်​ချင်း​​တွေနဲ့ မလိုက်​နိုင်​​ကြောင်း ငြင်းပြီး အခုထိ သတိမရတာလား ​မေ့​နေတာလား မသိရ​သော ​ကြောင်​​တောင်​​တောင်​နဲ့ Sehun ကို ​ဒေါသထွက်​လာပြီး ဆူပူရန်​ Jongin လာခဲ့ခြင်းဖြစ်​သည်​။

Why Not MeWhere stories live. Discover now