part 5

6.7K 210 6
                                    

Tao -
နွေးထွေးတဲ့ နေရောင်ခြည်တွေက သူ့ရဲ့မျက်နှာကိုပွတ်သတ်ကျီစယ်လိုက်တယ်။
နံနက်ခင်းရဲ့အရသာကို ခံစားနေတဲ့ taoတစ်ယောက်အတွက် အနှောင်အယှက်ကပေါ်လာစမြဲ၊

'အား' ခနဲ အော်သံစူးစူးကြောင့် Taoတစ်ယောက်ရုတ်တရက်လန့်နိုးသွားသည်။
ဘေးတဖက်မှာ ဘယ်သူမှအိပ်မနေသော နေရာလွတ်ကိုကြည့်ပြီး စိတ်ထဲမကောင်းဖြစ်သွားသည်။

သို့ပေမဲ့ .. ကုတင်အောက်မှာပြန့်ကျဲနေတဲ့ ဘောင်းဘီတိုကို ကောက်စွပ်လိုက်သည်။
'ကျွတ်'ခနဲမြည်အောင် စုပ်သတ်လိုက်ပြီး

"သေချင်းဆိုးကြီး .. အာလားလား နာလိုက်တာ"
ကိုယ့်တင်ပါးကို ကိုယ်ပွတ်ရင်း ကျိန်ဆဲလိုက်သည်။

ထို့နောက်မှ တလှမ်းချင်း လိမ်ဖယ်ဖယ်နှင့် သန့်စင်ခန်းထဲဝင်ပြီး သွားတိုက် မျက်နှာသစ်ခြင်း အစရှိသည်တို့ကို ပြုလိုက်သည်။ ပြီးနောက် ကုတင်အောက်မှာကျနေသော kris ၏ရှပ်အိင်္ကျီover size ကြီးကို ကောက်စွပ်လိုက်ပြီး

"ဂါး .. ဘိုက်ဆာလိုက်တာ တျောက်မှ ဘာမှစားစရာလာမပို့ဘူး"
စူပုပ်ပုပ်မျက်နှာထားနှင့် အခန်းတံခါးကို ဆွဲဖွင့်လိုက်ပြီး မီးဖိုခန်းဖက် ထွက်လာခဲ့သည်။

သို့သော် ..
ထောင့်ချိုးရှိ အခန်းဆီမှ နောက်ထပ် "အား" ခနဲ အသံကြီးကို ကြားလိုက်ရသည့်အတွက် tao တစ်ယောက်မျက်စိပြူးသွားပြီး

"ငါအိပ်ယာနိုးတုန်းက ဒီအသံကြီးကြားလိုက်ပါတယ် ဘာများလဲမသိ"
"သွားကြည့်ရင်ကောင်းမလား"
" krisသိရင် ငါ့ကိုရိုက်မလား"
ထိုသို့တွေးရင်းနှင့် အခန်းအနီးရောက်ရှိသွားပြီး ခပ်ဟဟဖြစ်နေသောနေရာမှ ချောင်းကြည့်လိုက်သည်။

အခန်းထဲရှိ စားပွဲခုံတွင် krisနှင့် တခြားလူတစ်ယောက် ထိုင်နေသည်။ Krisရဲ့ မျက်ဝန်တို့က မကောင်းဆိုးဝါးတကောင်လိုတောက်ပနေပြီး ဓားကိုကိုင်ထားသောလက်ဖြင့် ထိုအမည်မသိသူ၏ ညာလက်ကို ထိုးစိုက်မွှေနှောက်နေရင်း

"ကျွတ် .. မင်းကို အသံကျယ်ကျယ်မထွက်နဲ့လို့ပြောထားတယ်မလား ဟိုဘက်ခန်းမှာ ငါ့ babeအိပ်နေတယ် မင်းကြောင့် သူနိုးလာရင်တော့ ... " ထိုသို့ပြောပြီး အေးစက်စက်ပြုံးနေတဲ့ krisက Tao အတွက် ကြောက်ဖိုကောင်းနေခဲ့ပါသည်။

Devil's Cage (ဆက်​မ​ရေး​သေးပါ)Where stories live. Discover now