Part 6

4.4K 138 4
                                    

kris pov - The first time to fall in love:

"Boss , Noa ကို ရှာ​တွေ့ပါပြီ"
Noa ဒီ​ကောင်​ .. Noa ဆိုတာ ငါ့ပိုက်​ဆံ​တွေကို လိမ်​ယူသွားတဲ့​ကောင်​။ ဒီ​ကောင်​ကို hunt downလုပ်​​နေတာ နှစ်​ပတ်​ရှိပြီ။ ​တော်​​တော်​အပုန်း​ကောင်းတယ်​။ လွန်​ခဲ့တဲ့ နှစ်​ပတ်​က ငါမအားလို့ သူ့ကို ဘိန်းရာဇာနဲ့ ရှယ်​ယာလုပ်​ဖို့ ပိုက်​ဆံ​တွေနဲ့ ကိုယ်​စားလှယ်​လွှတ်​တာ လမ်းမှာ​ဖျောင်​သွားတယ်​။ အဟင်း ... Kris ကို ဒီလိုလာ​ကြောတာ အ​မောက်​​ထောင်​လိုက်​တာနဲ့ မီးပါတခါထဲ မှုတ်​ပြီးသားဆိုတာ မင်းသိမှာ​ပေါ့ Noaရာ။

.......

Noaရဲ့ ပုန်းခို​နေတဲ့ တိုက်​ခန်းနားမှာ ကားထိုးပြီး အ​ခြေအ​နေကြည့်​​နေချိန်​-

ဟင်းဟင်း .. ငါ့ပိုက်​ဆံ​တွေနဲ့ ​ကောင်းစား​နေပါလား။ ပတ်​ဝန်းကျင်​​လေးကလဲ​ကောင်း။ ​ကော်​ဖီဆိုင်​​လေးက....

ရုတ်​တရက်​ ​ကော်​ဖီဆိုင်​​လေးကို လှမ်းကြည့်​လိုက်​ချိန်​မှာပဲ ပြုံးရွှင်​စွာနဲ့ service​ပေး​နေတဲ့ ​ကောင်​​လေးတ​ယောက်​ကိုလှမ်းမြင်​မိတယ်​ဆိုရင်​ပဲ ဘယ်​လိုမှန်းမသိတဲ့ ခံစားချက်​​တွေက အကြည့်​မလွှဲနိုင်​​အောင်​ကို ဆွဲ​ဆောင်​​နေလွန်းတယ်​။

သူ့အပြုံး​လေး ....
ခေါင်းကုတ်​​နေတဲ့ပုံ​လေး ...
နှုတ်​ခမ်းကိုက်​​နေတဲ့ပုံ​လေး ....
သူ့ရဲ့လှုပ်​ရှားမှုတိုင်း ...

Wow .. kris မင်းဘာဖြစ်​သွားတာလဲ။ မိန်းမ​ပေါင်းများစွာနဲ့ ဆက်​ဆံခဲ့​ပေမဲ့ ဒီ​ကောင်​​လေးကျမှ ဘယ်​လိုဖြစ်​သွားတာလဲ။

အ​ပြောင်းအလဲ ဖြစ်​​အောင်​စမ်းကြည့်​ရမလား .... ဟက်​ဟက်

" Boss.. noaကို ​တွေ့ပါပြီ"

tsk .. ​အေး​အေး​ဆေး​ဆေးနဲ့ စိတ်​ကူးထဲ​တောင်​မ​ပျော်​ရပါလား

"​အေး"

"​Boss .. ဘာဖြစ်​​နေတာလဲ။ တခုခု​တော့ဖြစ်​​နေသလိုပဲ"

နှစ်​​ပေါင်းများစွာ အနားမှာခစားလာတဲ့ ညီအကို​တွေက ချက်​ချင်းတန်းသိတယ်​။
"​အေးကွာ ငါလူတစ်​​ယောက်​ကို လိုချင်​လို့ "
( ps-အ​ရှေ့ပိုင်းမှာ လူတစ်​​ယောက်​ကို ချစ်​မိသွားတယ်​လို့​ရေးထားခဲ့တယ်​ ​နောက်​မှ editလုပ်​ရင်း ပြန်​ပြင်​​ပေးပါ့မယ်​ )

Devil's Cage (ဆက်​မ​ရေး​သေးပါ)Où les histoires vivent. Découvrez maintenant