Episode - 6

2.1K 168 0
                                    

မဖြစ်သင့်မှန်း သိသော်လည်း

Episode - 6

ဒေါ်ဟေမာ : သမီးရေ . . .
အမေ့သူငယ်ချင်း အထူးကုပါမောက္ခကြီးနဲ့ ပြန်အဆက်အသွယ်ရတယ် ၊ အဲ့ဒါ သမီးလေးကို ကြည့်ပေးဖို့ ပြောထားတယ် ၊ အမေတို့ ခဏနေ သူ့ဆီ သွားကြရအောင်

သက်တန့် : ဟုတ်ကဲ့

အမေက အားတက်နေပေမယ့် ကိုယ့်အခြေအနေကို ကိုယ်အသိဆုံးဖြစ်တဲ့ သူမကတော့ . . . ။

ဒေါ်ဟေမာ : သီတာ . . . ဒါ ငါပြောပြောနေတဲ့ ငါ့သမီးအလတ်

ဒေါ်သီတာ : သမီးလေးက ချစ်စရာလေးပဲ

ဒေါ်သီတာ့စကားကြောင့်
ဒေါ်ဟေမာ ပြုံးလိုက်သည်။

ဒေါ်သီတာ : လာ . . . သမီး . . . ဘာမှမကြောက်နဲ့ ၊ ဆေးစစ်ရအောင်

သက်တန့် . . . ဒေါ်သီတာခေါ်တဲ့နောက် လိုက်သွားရသည်။

ဆေးစစ်ပြီးတာနဲ့ ဒေါက်တာဒေါ်သီတာရဲ့ အခန်းထဲမှာ ထိုင်စောင့်နေလိုက်သည်။

ညီရဲ : အမေ . . . သား လာတယ်

ရုတ်တရက် ယောင်္ကျားတစ်ယောက်
အသံကြောင့် သက်တန့် လန့်သွားရသည်။

သက်တန့် : ဘယ် . . . ဘယ်သူ . . .

ည်ီရဲ : ဟင် . . . မင်း . . .

ညီရဲ . . . ထိုင်နေတဲ့ ကောင်မလေးကို အံ့သြတကြီး ကြည့်နေမိသည်။

ညီရဲ : မင်းကိုး . . .

တစ်ဖက်လူဆီက ရယ်လိုက်တဲ့အသံကြောင့် သက်တန့် မျက်မှောင်ကျုတ်လိုက်မိသည်။

သက်တန့် : သက်တန့်ကို သိနေတယ်လား

ညီရဲ : ဆိုပါတော့ . . . ဒါနဲ့ မင်းက ကိုယ့်အမေရဲ့ အရေးကြီိးလူနာလား

သက်တန့် : ဆိုပါတော့ . . .

ညီရဲ . . . အသံမာမာလေးနဲ့ ပြန်ဖြေလိုက်တဲ့ ကောင်မလေးကြောင့် ပြုံးလိုက်မိသည်။

ဒေါ်သီတာ : ဟော . . . သား ရောက်နေတာကိုး

ညီရဲ : ဟုတ် . . .

ဒေါ်ဟေမာ : သီတာရေ . . . ငါပြန်လိုက်ဦးမယ်

ဒေါ်သီတာ : အေး . . . နင်လည်း နားလိုက်ဦး

ဒေါ်ဟေမာ : အေးပါ . . . ကျေးဇူးပဲ သူငယ်ချင်း

ဒေါ်သီတာ : ရပါတယ်အေ

မဖြစ်သင့်မှန်း သိသော်လည်းWhere stories live. Discover now