Precious Gift-1 (Unicode+Zawgyi)

13.5K 617 22
                                    

Episode-1

Unicode

" Chanyeol oppa ...  ah ...
oppa......... "

မလိုင်ထက် အဆတစ်ရာ ပိုအီသော သံရှည် ဆွဲသံကြီးဖြင့် အနားနားကပ်ကာ မူနွဲ့နေသော ထိုမိန်းမကို ကျွန်တော် ကြည့်မရတော့ ...

အလကား နေရင်း အကုသိုလ်များရသည်မှာ Chanyeol ဆိုတဲ့ အနှီကောင် ... မကောင်းဆိုးဝါးကြောင့်

သူ့ကြောင့်သာ သူဒီအသံဆိုးကြီးကို မကြားချင်မှ အဆုံး ကြားနေရခြင်း ......

" ကျစ် "

ရုပ်ကို ကြည့်တော့ဖြင့် ... မသာကို မိတ်ကပ်ဖို့ထားသည့်အတိုင်း ... မသာ ကမှ လှအုံးမယ် ...
ဝတ်ထားတဲ့ အဝတ်အစားက မလုံ့တလုံ
အောက်ကဆွဲချရင် အပေါ်ကပေါ် အပေါ်က ဆွဲတင်ရင် အောက်ကပေါ်နဲ့ ...
ဝတ်ထားတဲ့သူက အရှက်မရှိပေမယ့် ... ကြည့်ရမယ့်သူကတော့ ရှက်တယ်လေ

ဒါ့ကြောင့် ကျွန်တော် ဒီမိန်းမကို စေ့စေ့တောင် မကြည့်တာ ...
မတတ်နိုင်လွန်းလို့ အနားမှာ ရှိနေရပေမယ့် မကြည့်ချင်တော့လည်း ကျောပေးပြီး ထိုင်နေရတယ် ...

မုန်းတယ် ... ရွံလည်း ရွံတယ်
Chanyeol ဘေးမှာ ပက်ကျိလို ကပ်တွယ်နေတဲ... Lee Rosy ဆိုတဲ့ မိန်းမကို ကျွန်တော် အရမ်း ရွံတယ်

အကြောင်းအရင်းကတော့ တစ်ခုတည်းပဲ

ဒီမိန်းမ Chanyeol အနားမှာ ရှိနေလို့ပဲ ... အတ္တ ကြီးတယ်လို့ပဲ ပြောပြော ကျွန်တော်က လွဲရင် သူ့အနားမှာ ဘယ်မိန်းမမှ ရှိမနေစေချင်ဘူး ။မဟုတ်ဘူး ။ ဘယ်သူမှ မရှိစေချင်တာ၊ မိန်းမတင် မဟုတ်ဘူး သူစိမ်းယောကျ်ားလေး ရှိနေတာကို မကြိုက်တာ ...

ခုလို အချိန်မျို းဆို ကျွန်တော်ရင်တွေ တဆစ်ဆစ်နဲ့ နာကျင်ရတာ ။ ဒါကို Park Chanyeol မသိဘူး ... မသိဘူးဆိုတာထက် ကျွန်တော့်ရင်ထဲကို သူမြင်အောင်မကြည့်တာ ...

သူငယ်ချင်း တစ်ယောက်ထက်ပိုတဲ့ သံယောဇဉ်တွေ ... ဂရုစိုက်မှုတွေ ... အနစ်နာ ခံမှုတွေ ... ကုန်ကုန်ပြောရရင် ကျွန်တော်ရဲ့ အချစ်တွေ ... အားလုံးထဲမှာ သိသာထင်ရှားလွန်းပါရဲ့ နဲ့.သူ တကယ်မသိတာလား ... မသိချင်ယောင်ဆောင်နေတာလား ...မပြောတတ်တော့ ... ။

Precious Gift [Completed]Where stories live. Discover now