Precious Gift-3(Unicode+Zawgyi)

5.7K 454 19
                                    


Unicode

Episode-3

" ဟား ... "

စာအိတ်ကို လက်ထဲကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး ... သူ့ရဲ့ တလိပ်လိပ်တတ်လာတဲ့ ဒေါသရိပ်တွေက မျက်နှာမှာရော ... အသံမှာရော စိုးမိုးနေတာ ...

" ငါ့ကို ယုံပါ Chanyeol ရာ "

" မယုံဘူး ... မင်းလက်ခံ ထားလို့ မင်းလက်ထဲ ရှိနေတာပေါ့ "

" ဥက္ကဋ္ဌကြီးကို ငါပြန်ပေးသေးတယ် သူလက်မခံတာပါ ... ငါဘက်က ရိုးသားပါတယ် ... ဒီငွေတွေက ငါတောင်းတာ မဟုတ်ပါဘူးကွာ ..."

ကျွန်တော် ရှင်းပြနေတာကို သူမယုံကြည်ဘူး ... သူ့ရဲ့ မျက်ဝန်းက သံသယ အရိပ်တွေကို ကျွန်တော် အထင်းသား မြင်နေရတယ် ...

သူကသာ ကျွန်တော့်ရင်ထဲကို မြင်အောင် မကြည့်နိုင်တာပါ ... ကျွန်တော်ကတော့ သူ့ရင်ထဲမှာ ဘယ်တွေ ဖြစ်နေသလဲ ဆိုတာ တစ်ခွန်းမဟလည်း အလိုလို ခံစားမိပြီးသား ...

" ဒါကတော့ မင်းအပြောလေ ... ငါက မင်းပြောတိုင်း ယုံရမှာလား Byun Baekhyun ... မင်းသာ အမှန်တကယ် ရိုးသားရင် ငါတောင်းတုန်းက အမှန်တိုင်း ပြောလေ ... ဘာလို့ ပုန်းလျိုး ကွယ်ရှိုးနဲ့ ဖွက်ရတာလဲ ..."

သူ ဒေါသ သံနဲ့ အော်လိုက်တိုင်း ကျွန်တော့် ရင်အုံကနေ ဝမ်းနည်းမှု့တွေက လှိုက်တတ်လာသည် ... ဝမ်းနည်းမျက်ရည်တွေဟာလည်း အလိုအလျောက် စီးဆင်းလာပြီးသား ...

ပါးပြင်မှ တစ်ဆင့် အရှိန်နဲ့ လိမ့်ဆင်းသွားတဲ့ မျက်ရည်စက်ဟာ ကြမ်းပြင်ပေါ် ပေါက်ခနဲ ကျသည်ထိပင် ...

" အဲ့လို မဟုတ်ပါဘူး မင်းမကြို က်မှန်း သိလို့ ... မင်း ဒီပိုက်ဆံကို မြင်ရင် ဒေါသထွက်မှာ သိလို့ ငါ ဖွက် လိုက်မိတာပါ ... မင်းကို ဖုံးကွယ်ချင်လို့ မဟုတ်ပါဘူး ..."

" ဟက် ... Park အဘိုးကြီးက ဘယ်တော့မဆို ပိုက်ဆံထိုးပေးတတ်တာ သူ့ရဲ့ ထုံးစံပဲ ... ဒီလို လုပ်တာကို ငါမုန်းပေမယ့် ငါ့အပေါ် လိမ်ညာတဲ့ မင်းကို ပိုစိတ်ပျက်မိတယ် Byun Baekhyun ... နောက်ထပ် ဘာဖြေရှင်းချက်မှ မပေးနဲ့ ... "

အံကို ကြိတ်ပြီး ကျွန်တော့်ကို စိတ်ပျက်လွန်းစွာ သူကြည့်တယ် ...

Precious Gift [Completed]Donde viven las historias. Descúbrelo ahora