Episode..1

7K 560 17
                                    

(Zawgyi)

*Lovely Human*

သစ်ပင်တွေ ထူထပ်ပြီး စိမ်းစိုကာ သဘာဝအလှတွေနဲ့ လှပနေတဲ့ ဒေသတစ်ခုရဲ့ မြေညီကားလမ်းမ တစ်ခုမှာ ကားလေးတစ်စီး မောင်းနှင်နေသည် ဒရိုင်ဘာတစ်ဦးနဲ့ အတွေးများနေတဲ့ ကောင်လေးတစ်ယောက်သာ ကားပေါ်မှာ တိတ်ဆိတ်စွာ လိုက်ပါလာတယ်

တရိပ်ရိပ် ကားမှန်ပြတင်းပေါက်ကနေ ဖြတ်သန်းနေတဲ့ သစ်ပင်အရိပ်တွေက ကားထဲမှာ ထိုင်နေတဲ့ kyung sooဆီ ကျရောက်ဖြတ်သန်းနေပေမဲ့ . . . သဘာဝအလှတရားတွေကို မခံစားနိုင်အား သူမိဘတွေ ဟြေခဲ့တဲ့အကြောင်းအရာတွေသာ ကြီးစိုးနေခဲ့တယ်

>>>>> Flash Back Start

ဒေါက် ~~~ ဒေါက် . . .

'nae. ဝင်ခဲ့ပါ '

ဒီနေ့ပဲ university ကျောင်းသားတစ်ယောက် ဘဝကနေ ကျွတ်လွတ်သွားတာကြောင့် သူငယ်ချင်းတွေ စိတ်ကြိုက်လည်ပတ်ပြီးမှ အိမ်ပြန်ရောက်ကာ စာသင်နှစ်တစ်နှစ်လုံး အသုံးပြုခဲ့တဲ့ စာအုပ်လေးတွေကို စီပြီး သိမ်းနေတုန်း တံခါးခေါက်သံနဲ့အတူ Mrs.Do အခန်းထဲ ဝင်လာတာကြောင့်

' omma??? မအိပ်သေးဘူးလား'

'မအိပ်သေးဘူးး သားကို ဟြေစရာရှိလို့ စောင့်နေကြတာ သားအလုပ်ပြီးရင် အိမ်အောက်ထပ် ခဏဆင်းလာခဲ့ '

'nae. . omma'

ommaဖြစ်သူ ပြန်ထွက်သွားတော့ kyung sooလည်း သိမ်းစရာတွေကို လက်စသတ်ကာ အောက်ထပ်ကို လိုက်ဆင်းလာတော့ အသင့်စောင့်နေတဲ့ Mr.Doနဲ့ Mrs.Doကို တွေ့လိုက်ရတယ် kyung sooကို Mr.Doကို ပြုံးပြကာ

'သား appaနောက်ကနေ လိုက်ခဲ့'

Mrs.Doကလည်း လိုက်သွားဖို့ ခေါင်းညိတ်ပြတော့ kyung sooလည်း Mr.Doနောက်က အသာလေးလိုက်သွားခဲ့တယ် အိမ်ရဲ့ အနောက်ဘက်မှာ ရှိတဲ့ အခန်းတစ်ခန်းရှေ့မှာ ရပ်လိုက်တော့

'appa ဒါက ဖွင့်မကြည့်ဖို့ တားထားတဲ့အခန်းမှတ်လားး'

'သားနဲ့ သက်ဆိုင်တဲ့အခန်းပဲ ဝင်ကြည့်လို့ရတယ်'

appaဖြစ်သူကြောင့် kyung soo ကြောင်သွားခဲ့တယ်

*ငါနဲ့ သက်ဆိုင်တာလား????*

*Lovely Human* || Three Shots || Where stories live. Discover now