Episode.3 (Final)

5.6K 578 26
                                    

(Zawgyi)

*Lovely Human*

နားရွက်ချွန်ချွန်တွေ ထွက်နေတဲ့ kaiတစ်ယောက် . . . . kyung sooကို ဖက်ထားတာ မဖြုတ်ပေးဘဲ အခြားတစ်ဖက်ကို ဆွဲလှည့်ကာ နောက်ကျောကနေ ပြန်ဖက်ထားပြန်တယ် . . .

'ဖက်လို့ ကောင်းလိုက်တာ'

ရွတ်!!!!

kyung soo နားထင်နားကို kai တစ်ချက်နမ်းလိုက်ပြီးး

'ကိုယ်သင်းနံ့လေးကလည်း အရင်အတိုင်းးပဲ'

kyung sooက ကြောင်ပြီး ရပ်နေမိတော့ kyung soo နားရွက်လေးကို လျှာနဲ့တစ်ချက်လျက်ကာ. . .

'မနက်စာ ပြင်လေ ဗိုက်ဆာလာရင် babyကို စားလိုက်ရမလားး'

'အမ်?? . . မဟုတ်သေးဘူးလေ ခင်ဗျားက ဒီလိုကြီး ဖက်ထားတော့ ကျနော် ဘယ်လို ချက်ရမှာလဲ'

'ချက်မှာက လက်နဲ့လေ ကိုယ်က လက်ကို ကိုင်ထားလို့လားး ဒီအတိုင်းပဲ ချက်'

'ဘာချက်ရမှာလဲ'

'အသား ကင်ပေးး'

'မနက်အစောကြီး အသားစားမလို့လား'

'ကိုယ်က အသားပဲ စားတာ . . ချက်တော့ ထပ်မမေးနဲ့'

နောက်ကျောကနေ တောက်တဲ့လို မှီအိပ်နေတဲ့ kaiကို သေချာထိန်းရင်း မနက်စာအတွက် ပြင်ဆင်လိုက်တယ် . . .

*မနက်စာ စားပြီးရင်တော့ သေချာမေးကြည့်ရမယ် ကိုယ်ယူထားတဲ့သူက ဘာလဲဆိုတာ သိသင့်တာ မမှားဘူး ထင်တာပဲ*

နောက်ကျောက kaiကတော့ သူခန္ဓာကိုယ်ကိုမှ အားမနာ . . . kyung sooကို ခါးကနေ အတင်းဖက်ထားကာ မှီလို့ ကောင်းနေတုန်း

*ဒီအဖိုးကြီးး အရမ်းဖက်နေတာ ငါ့ခါး ကျိုးတော့မှာပဲ*

<><><><><><><><><><><><><><><><>

'ကဲ ဟြေပါအုန်းး မနက်တုန်းက ပုံစံက ဘာကြောင့်လဲ . . ဘာလို့ အဲလိုဖြစ်နေတာလဲ အခုကျတော့ နဂိုပုံစံ ဘာလို့ ပြန်ဖြစ်သွားတာလဲ ခင်ဗျားက ဘယ်သူလဲဆိုတာရော ကျနော်ကို မဟြေပြတော့ဘူးလားးး'

မနက်စာ စားပြီးတာနဲ့ kaiသွားတဲ့နောက်ကို တစ်လျှောက်လိုက်ကာ တတွတ်တွတ်မေးနေတဲ့ kyung sooတစ်ယောက် kaiက ရုတ်တရက် သွားနေရာက ရပ်လိုက်တော့ kaiရဲ့ နောက်ကျောကို ဝင်တိုက်မိတော့တယ် . .

*Lovely Human* || Three Shots || Where stories live. Discover now