Part - 7

2.4K 214 32
                                    

ZAWGYI

Next Morning >>>>

Chan Yeol တယောက် Sunday လို နေ့မှာပင် မနက် 8:00 နာရီလောက်နိုးလာခဲ့တယ် ဒီနေ့ သူရုံးပိတ်ရက်ဆိုပေမယ့် ချိန်းထားတာရှိတယ်လေ Hyung တယောက်လိုရော လုပ်ငန်းရှင်တယောက်လိုပါလေးစားအားကျရတဲ့ Mr. Lee တို့ Landon ကနေ Korea ပြန်ရောက်လာကြပြီတဲ့ သူ Landon မှာ ကျောင်းတတ်ခဲ့တုန်းကလည်း အများကြီး ကူညီခဲ့ ကြတဲ့ သူတွေလည်း ဖြစ်တော့ သူ့ကျေးဇူးရှင်တွေဆိုလည်း မမှား ကျောင်းတုန်းက senior တွေဆိုလည်း မမှားပေ ........

သူကသာ နိုးလာတာ ဘေးနားက မသူတော်လေးကတော့ အရုပ်ကိုဖက်ပြီး အိပ်ကောင်းတုန်းရယ် ကလေးစုတ်လေး အမြဲပဲ အိပ်နေ အာ့မှ ချစ်စရာကောင်းသေးတယ် နိုးနေရင်တော့ ဂျိုဆိုးပဲ ချီးတုတ်ကောင်လေး အိပ်နေတာများကြည့်စမ်း အပြစ်ကင်းစင်ချက် မွေးခင်းစကလေးလေးတွေလိုလို ကြောင်ပေါက်စလေးတွေလို Puppy ပေါက်စလေးတွေလိုလို အို ကိုက်စားချင်စရာလေးပါ အခုချိန်ထိပေါ့ အဲ့သူ့မျက်လုံးနှစ်လုံး ပွင့်လာရင်တော့မဟုတ်တော့ဘူး

မနေ့ကတော့ တော်တော်လေး စိတ်တိုတာရယ် အိမ်လည်း သိမ်းရသေးတယ် ညစာလည်း ချက်ကျွေးရသေးတယ် သူခွအိပ်တာလည်း ခံရသေးတယ် Park Chan Yeol ဆို တာခံဖက်ကြီးပဲ ဟွင့်

ဒါနက် သူ့ကို ဒီနေ့အပြင် ခေါ်သွားမှပါ မထားခဲ့ရဲဘူး Park Chan ကြောက်ကြောက်ပါ 😖😖😖

Chan Yeol >>> Hunnie Hunnie ..... Hunnie ထ ထတော့ အပြင်သွားမှာ လိုက်မှာမလား

သောက်ကလေးက ပထမတစ်ခါ နိုးလိုက်ကတည်းက နိုးနေတာကို မထဘူး မျက်လုံး တဖက်ပဲ ဖွင့် ပြီး ပြန်အိပ်သွားတယ် 😏😏😏

Hunnie >>> ဟင် တကယ်လား လိုက်မယ် လိုက်မယ် ဘယ်ကိုသွားမှာလည်း ဟင် ......😳😳😳

Chan Yeol >>> ကဲလိုက်မယ်ဆိုလည်း ထပြီး ရေသွားချိုးတော့ ရောက်ရင် သိလိမ့်မယ် ......

Hunnie >>> ဟွန့် ဟုတ်ပါပြီ ဟုတ်ပါပြီ ကပ်စိီးကုပ်ကြီး ဒါလေး မေးတာကို ဟွင့်... 😏😏😏

Hunnie တယောက်ကတော့ Park Chan ကို မျက်စောင်းထိုးကာ ပါးစပ်ကလည်း ပွစိပွစိနဲ့ သူ့ အခန်းသို့ ပြေးလေပြီ

My Baby SebootyWhere stories live. Discover now