" Part 3 "

954 52 0
                                    

luhan အိမ်သူသက်ထား ကို ခရီးသွားမယ်အကြောင်းပြပြီး hunnie တို့သားအမိကိုလာခေါ်မိတာ သူ့ကိုယ်သူတကယ် နားမလည်နိုင်တော့ဘူး minmin  ကိုလဲ ချစ်ပေမဲ့  hun အပေါ်မှာ အပြစ်တွေများတာမို့ပြန်ဖြည့်ဆည်းပေးချင်တယ်  ဖြစ်ချင်တာကို ဘယ်သူမှဂရုမစိုက် လုပ်တတ်တဲ့ မွေးရာပါ ဗီဇကြောင့်လဲ စိတ်ဆုံးဖြတ်တဲ့အတိုင်း လုပ်မိပြန်တယ်

hun~~ darling  ဘာတွေ တွေးနေတာလဲ  ခေါ်နေတာ တောင်မကြားဘူး

နောက်ကနေ ခါးကိုသိုင်းဖက်လိုက်တဲ့သူမကြောင့် Lu တစ်ချက်တုန်သွားပြီး သူမ ဘက်ကို လှည့်လိုက်ကာ မသိ မသာ ခွာလိုက်တယ်

Lu~~ ဒီတိုင်း ခေါင်းနဲနဲကိုက်နေလို့ပါ

hun~~ လေယာဉ်စီးလိုက်လို့ထင်တယ် ရေချိုးပြီးနားလိုက် ပါလား

lu~~ အင်းပါ ဒါနဲ့ သမီးလေးကော

hun~~သမီးကလေ  darlingပြင်ပေးထားတဲ့အခန်းလေး ကို အရမ်းသဘောကျပြီးဆော့နေလိုက်တာ  အခန်းထဲက တောင်ထွက်မလာဘူး

lu~~ ကောင်းတာပေါ့  ကိုယ်ခဏသွားကြည့်လိုက်ဦးမယ်

lu အခန်းတံခါးလေးဖွင့်ပြီး သမီးလေးကိုကြည့်လိုက်တော့
ကစားစရာပစ္စည်းတွေအလယ်မှာ ခွေခွေလေးအိပ်နေတာ ကြောင့် ပွေ့ချီလိုက်ကာ သူမ ရဲ့ ပန်းရောင်အိပ်ရာလေးပေါ် သို့ တင်ပေးလိုက်ပြီး ချစ်စရာမျက်နှာလေးကို အသေးစိတ် ကြည့်လိုက်မိတယ်

lupov~~ windy က နှုတ်ခမ်းသေးသေးလေးနဲ့ ချစ်စရာ မျက်လုံးလေးတွေကြောင့် သူနဲ့ တူတယ်လို့ထင်ရပေမဲ့ ချွတ် စွတ်ကြီးလား ဆိုတော့လဲမဟုတ်ပြန်ဘူး  Mr.Byun နဲ့လဲ တူသလိုလို ထင်ရပေမဲ့ Hunnie  နဲ့တော့ပိုတူသလိုဘဲ

hun~~ ကဲ သမီးအိပ်နေတာ ဘာလို့ကြည့်နေပြန်တာလဲ
ပင်ပန်းနေတာမဟုတ်လား ကိုယ့်ဘာသာ အနားယူမှပေါ့

lu သူ့ရှေ့မှာလာရပ်တဲ့ hun မျက်လုံးကိုစေ့စေ့ကြည့်လိုက် ပြီး ~~ windy က ကိုယ်နဲ့တူလား Mr. Byun နဲ့တူတာ လားလို့ ခွဲခြားကြည့်နေတာပါ

hun က လှောင်ရယ်သလိုအသံနဲ့ ရီလိုက်ပြီးမှ lu ရင်ခွင်ထဲ တိုးဝင်လာပြီး ~~ တော်တော်ရူးတဲ့ darling ဘဲ windy က honey သမီးမို့ honey နဲ့ဘဲတူမှာပေါ့လို့

lu~~ ကိုယ့်ကလေးလား Mr.Byun ကလေးလား ဆိုတာ ကို  အမှန်အတိုင်း သိချင်တယ်

hun~~ ရှင်လဲ သူတို့နဲ့အတူတူဘဲ နောက်ဆုံးတော့ကိုယ့် သွေးသားဟုတ်မဟုတ် သိချင်လို့ ကျွန်မတို့သားအမိအပေါ် စောင့်ရှောက်ပေးချင်ယောင်ဆောင်တာပေါ့

lu ~~ တော်ပြီ sehun မင်းကအရင်အတိုင်းဘဲ တခြားသူ ခံစားချက်ကို လျစ်လျူရှုပြီး  မရင့်ကျက်သေးဘူးဘဲ

hun~~ ဟုတ်မှာပေါ့ ကျွန်မက ဆိုးတယ် ရှင်ထားရာနေစေ ရာသွားတဲ့ ရှင့်မိန်းမလိုမှမဟုတ်ဘဲ အဲ့ဒါကြောင့်လဲ အဲ့မိန်းမ ကို ရှင်က ပိုချစ်သွားတာမလား ဟုတ်တယ်မလားပြော

lu~~ minmin က ဘာလို့ပါလာပြန်တာလဲ မယောင်ရာ ဆီမလူးနဲ့ sehun ကိုယ်မေးတာကိုသာ ဖြေပါ

hun~~  windy က ကျွန်မသမီးဘဲ ရှင်တို့ ၂ယောက်လုံး နဲ့ မသက်ဆိုင်ဘူး ဒါထက်ပိုပြီးမဖြေနိုင်ဘူး

hun သူမေးတာကို မဖြေဘဲ ဝေ့လည်ကြောင်ပတ်လုပ် ကာ အခန်းထဲက မြန်မြန်ပြေးထွက်လာလိုက်တယ် ဘာလို့လဲဆို တော့ သူမမှာ လောလောဆယ်အဖြေပေးလို့မရသေးတဲ့အ နေအထားမို့ပါ

lu သိချင်တာကိုမသိရတာကြောင့်ခေါင်းတွေပိုရှုပ်ပြီးညစ် နွမ်း သမျှစိတ်တွေကို လျော့လိုငြားရေပန်းအောက်ဝင်လိုက် တယ်

သူအချိန်နဲနဲကြာသွားလို့ထင်တယ် အပြင်ကနေ  Hunnie
က တံခါးခေါက်နေပြီ

သူလဲရေပန်းအမြန်ပိတ်လိုက်ပြီး ထွက်လာလိုက်တော့ သပတ်နဲ့ အတင်းလိုက်သုတ်ပေးနေတဲ့ hunnie

lu~~ အာ ရပါတယ် ကိုယ့်ဘာသာ သုတ်ပါ့မယ်

hun~~ darling အအေးပတ်မှာစိုးလို့ပါ ပြီးတော့ခုနက ကိစ္စလဲ စိတ်မဆိုးပါနဲ့ အချိန်တန်ရင် honey ပြောပြပါ့မယ်

lu~~ Ok ကိုယ်လဲ  နောက်ထပ်မမေးတော့ဘူး honey ပြောမဲ့အချိန်ထိ စိတ်ရှည်ရှည်နဲ့ စောင့်နေပါ့မယ်

hun သူ့ရင်ခွင်ထဲ ထပ်ပြီးတိုးဝင်လိုက်တယ် ဒီတစ်ခါတော့ သူက ပြန်ဖက်ထားပါတယ်  အရမ်းလွမ်းနေတဲ့ ရင်ခွင်မို့
တကယ်ကို ကျေနပ်မိပါတယ် I miss u so much  my darling !

lu သူ့ရင်ခွင်ထဲက ကောင်မလေးကို ထွေးပွေ့လိုက်ချိန်မှာ အရင်က ရင်ခုန်သံတွေကိုပြန်တမ်းတမိသွားပါတော့တယ်
………………………………

နောက်တစ်ပိုင်းကတော့ Selu ပါ ဇာတ်လမ်းအရ ပလပ် လေး အနဲငယ်ပါမှာပါ  ဖတ်ပီးမှဘရပ်တိုက်ကြမှာစိုးလို့ ကြိုပြောထားတာပါ

Love Make Me Crazy Where stories live. Discover now