" Part 5 "

1.1K 53 1
                                    

~~Minmin ရေ ကိုယ်ပြန်လာပြီ  မိန်းမ ……
minmin ဘယ်ရောက်နေတာလဲ 
အိမ်မှာ မရှိဘူးလား

luhan ခေါ်ရတာမောလို့ အိတ်တွေချပြီး အိမ်သူ
သက်ထား ဘယ်ဆီရောက်နေသလဲ သိရရန်
ဖုန်းခေါ်နေပါတော့တယ်

သူ့အနီးအနားက မြည်လာသော ဖုန်းသံနဲ့အတူ
တော်တော် လေးကိုလှလှပပ ပြင်ဆင်ချယ်သ
ထားတဲ့ ချစ်ဇနီးXiumin  သွားညီညီလေးတွေ အကုန်ပေါ်အောင်ပြုံးကာ  ပြာပြာယာ ယာ နဲ့ 
လက်ကို အတင်းလာချိတ်ပါတော့တယ်

min~~  ဟီး မောင် ခေါ်နေတာကြားတယ် min
လေ နှုတ်ခမ်းနီဆိုးနေတုန်းမို့ မထူးတာ မောင်ရဲ့ 
ဟို မောင့်အိတ်တွေ min သယ်ပေးမယ်နော်

Xiumin လက်ကလေး အိတ်ဆီတောင် မရောက်
Luhan ရဲ့ လက်ချောင်းတွေဆွဲခေါ်ရာကိုသာ တ ရွတ်တိုက်ပါလာတယ် သူဒေါသထွက်နေပြီဆိုတာ ရိပ်မိပေမဲ့ မဖြစ်မနေသွားရမှာဆိုတော့ ဒီတစ်ခါ
တော့သတ္တိရှိရှိမောင့်ကို ပြန်ပြောမှ ဖြစ်မယ်လို့
ဆုံးဖြတ်လိုက်တယ်

Luhan သူမကို ဆွဲခေါ်လာပြီး အခန်းထဲရောက်
တော့  ထုံးစံ အတိုင်းတံခါးလော့ချကာ သူမကို
လိုရာ ပုံသွင်းဖို့ ကြိုးစားပြန်တယ်

lu~~ အဲ့မျက်နှာက မိတ်ကပ်တွေ မောင်အခု
ဖျက်ပေးမယ် min  ဘယ်မှသွားဖို့မစဉ်းစားနဲ့

xiu သူ့လက်တွေကို ကာလိုက်ပြီး
မကျေနပ်တဲ့လေသံဖြင့်

min~~ မရဘူးကွာ Min ချိန်းထားပြီးပြီ
ကျောင်းတုန်းက သူငယ်ချင်းဟောင်းတွေ
တွေ့ကြမှာ မတွေ့တာလဲ ကြာပြီဆိုတော့
လေ သွားမှဖြစ်မှာပေါ့

သူပြန်လာတာကို အဖက်မလုပ် အပြင်သွားဖို့
ကိုအသည်း အသန်ဖြစ်နေတော့ Luhan စိတ်ထဲ မကျေနပ်မိ ဒါပေမဲ့လဲ အသာချော့ပြီး ပြောရင် ရ လောက်မယ်လို့ တွေးပြီးနောက်ကနေ သိုင်းဖက်
လိုက် ကာ Xiu ဂုတ်သားလေး တွေကိုနမ်းပြီး

lu~~ minmin ya!! လိမ္မာပါတယ် မိန်းမ
စားချင်တာတွေမောင်ချက်ကျွေးမယ်လေနောက်
တစ်ခါမှသွားလို့မရဘူးလား မောင့် မိန်းမလေး ကို လွမ်းနေလို့ အမြန် ပြန်လာတာလေကွာ

min~~ အာ အဲ့တာက မရတော့ဘူး ဒီတစ်ခါ
သေချာလာမယ် ပြောပြီးပါပြီဆိုနေ မောင့် စကား နားမထောင်ချင်လို့ မဟုတ်ပါဘူးတကယ်သွားမှ
ဖြစ်မှာမို့ပါ ခဏလေးဘဲ သွားပြီး မြန်မြန်ပြန်လာ
ခဲ့မယ်နော် ဒါမှမဟုတ် မောင်ပါလိုက်ခဲ့လေ

Love Make Me Crazy Where stories live. Discover now