part - 1

1.8K 150 10
                                    

" hyung! ဖြစ်နိုင်တဲ့ စကားကိုပြော "

Junmyeon တစ်ယောက် သူ့ရဲ့ စူထွက်နေတဲ့ နှုတ်ခမ်းရဲရဲလေးနဲ့ မျက်စိရှေ့တည့်တည့်က အကိုဖြစ်သူကို အော်လိုက်မိ၏.........

" Jun ကလဲကွာ... hyung တစ်ကယ် အကူအညီတောင်းတာပါ. 😥 အခုက Jun မှ မကူညီရင် hyung ပြသနာတက်တော့မှာ "

အသနားခံသော မျက်နှာလေးနှင့် ပြောလာပြန်တော့လဲ သိပ်ချစ်ရတဲ့ အကိုဖြစ်တာကြောင့် စိတ်ကပျော့ချင်သလိုလို ဖြစ်သွားပေမယ့်..... မဖြစ်နိုင်......

" အာ!! မရပါဘူး hyung ရာ
ကျွန်တော် မလုပ်ပေးနိုင်ဘူး "

" Junmyeon >< "

အနည်းငယ် စိတ်မရှည်တော့ဟန်ဖြင့် အော်လိုက်သည့် အကိုဖြစ်သူကြောင့် Junmyeon ကိုယ်လေးပင် တုန်သွားရသည်.......

သို့သော် ယခု မိမိအကိုကြီးဖြစ်သူ တောင်းဆိုနေသော ကိစ္စမှာ မည်သို့မျှ မဖြစ်နိုင်သောကြောင့် နှုတ်ခမ်းလေးကိုသာ ဆက်လက်စူပုပ်ထားလိုက်မိသည်။

မိမိ လက်မခံနိုင်ကြောင်း ပါးစပ်က ပြောလျှင် ထပ်အော်ခံရမည်စိုးသဖြင့် အမူအရာဖြင့် မြင်သာအောင် ပြထားခြင်းလေ!!

" Jun သာ မကူညီရင်... hyung ကို သူက ထောင်ချပစ်မှာကွ... 😥 "

Kai လဲ မိမိချစ်ရတဲ့ တစ်ဦးတည်းသော ညီလေးကို ထိုကဲ့သို့ အတင်မတိုက်တွန်းချင်ပါ!! သို့သော်လည်း မတတ်နိုင်သည့်အဆုံး သူ့ကိုချစ်တဲ့ညီလေး ဘယ်လိုမှ ငြင်းလို့မရနိုင်မည့် အချက်ကိုသာ အပိုင်ကိုင်လိုက်ရပြီ!!

" ဘယ်လို hyung?
ထောင်တောင်ချနိုင်တယ် ဟုတ်လား!! "

Jun ပြောရင်း မျက်ရည်လေးတွေပါ ဝဲတက်လာရသည်။ မိမိအချစ်ရဆုံး ဒီကမ္ဘာပေါ်က တစ်ဦးတည်းသော သွေးသားအရင်းချာ.....
ဤမျှ ဒုက္ခရောက်နေသည်ကို Jun မသိခဲ့!!

" ဟုတ်တယ် Jun ရဲ့!!
Jun လဲ ကြားဖူးတယ်မလား Oh group ရဲ့ အကြောင်းတွေကို.... အခုက Oh group တင်မဟုတ်ပဲ.... Oh Sehun နဲ့ ပတ်သက်မိတဲ့ ကိစ္စဖြစ်နေတာမို့ Jun ရဲ့ "

" အဲ့သည် Oh Sehun က ဘာမို့လို့လဲ "

မကျေနပ်သည့် အသံလေးနဲ့ပြောလိုက်သော်လည်း Jun အသံတွင် ငိုသံလေးပါ ပါနေပြီမို့ Jun အပြည့်အဝ လက်ခံတော့မည်မှန်း Kai သိလိုက်သည်။

White RabbitWhere stories live. Discover now