Part - 2

1K 115 10
                                    

Oh... ဒါလေးက Kim Kai ရဲ့ ညီမလေးတဲ့လား...

ဖြူဖွေးနုနေတဲ့ အသားရေလေးက... ဝတ်ထားတဲ့ အနီရဲရဲလေးနဲ့ လိုက်ဖက်လွန်းတော့... အရောင်တွေပါ တောက်နေသလို...

သူ့ကို ကြည့်မနေဘဲ... ခေါင်းလေးကို ငုံ့ထားပေမယ့်... ပန်းနုရောင် နှုတ်ခမ်းပါးလေးကတော့... အလိုမကျဘူးထင်ပါရဲ့... ပွစိ ပွစိနဲ့...

" Ah... "

Oh Sehun တစ်ယောက်... ကြည့်နေရင်းကပင် အသည်းယားစွာ... အာမေဋိတ်တစ်ချက်တောင် ထွက်သွားမိတယ်!!

ဒါလေးက တစ်ကယ် ဘာလေးပါလိမ့်!!

" အဟမ်းး "

ချောင်းတစ်ချက်ကို ဟန့်လိုက်တော့မှ... ခေါင်းလေးကို မရဲတရဲ မော့ကြည့်လာတဲ့ သူ့ရှေ့က ဟာလေးက သိပ်ကို အသည်းယားဖို့ ကောင်းလွန်းနေတာပါ...

" တွေ့... တွေ့ရတာ ဝမ်းသာပါတယ်... "

" ok!! ဒီနေ့အတွက် မင်း ဘာလုပ်ရမယ်ဆိုတာကို... သိပါတယ်နော် "

ပြုံးစိစိ ဖြစ်ချင်နေသောစိတ်ကို ပြန်ထိန်းထားလိုက်ပြီး... စကားစပြောလိုက်တော့... မျက်လုံး ဝိုင်းဝိုင်းလေးတွေနဲ့ လာကြည့်နေပြန်တယ်!!!

" nae... Jun သိပါတယ်... "

hyung က သေချာမှာထားလိုက်တာမို့... သူ့တာဝန်ကို သူသိနေပါတယ်... တစ်ခုပဲ...
ဒီ oh sehun ဆိုတဲ့ လူဟာ ဘယ်လို ညှို့အားတွေများ ပိုင်ဆိုင်ထားသလဲ ဆိုတာ...

Jun ကို အပေါက်ဝကနေ လာခေါ်တဲ့ လူနှစ်ယောက်ရဲ့... boss ဆိုတဲ့ အသံကို ကြားပြီးကတည်းက... jun ခေါင်းကို ငုံ့ထားလိုက်မိတာ...
သူ့ဘက်က စကားစပြောမှပဲ... မျက်နှာကို မော့ကြည့်မိတော့... အနက်ရောင်တောက်တောက် အနောက်တိုင်း ဝတ်စုံနဲ့ တစ်ကယ်ကို လူကြီးလူကောင်းတစ်ယောက်ပုံ ပေါက်လွန်းနေတဲ့ oh sehun ကို တွေ့လိုက်မိတော့... jun တစ်ယောက် ဘာပြောရမှန်းကို မသိအောင်...

ထူထဲလွန်းတဲ့ မျက်ခုံးနက်နှစ်ဖက်ကို... အနည်းငယ်တွန့်ချိုးထားပြီး... ဆံပင် ခပ်တိုတို နက်နက်တွေကို... သပ်ရပ်စွာ လှန်တင်ထားပြန်တော့... ပိုလို့တောင် လူကြီးပုံပေါက်နေပြန်တယ်... ဒါပေမယ့်... ရှည်လျားလွန်းတဲ့ မေးရိုးကလဲ အထောက်အကူပေးတယ် ထင်ပါရဲ့... သိပ်ကိုလဲ ချောလွန်းနေပါတယ်...!!

White RabbitWhere stories live. Discover now