Part - 3

919 112 6
                                    

" arrrr "

Sehun တစ်ယောက် မျက်လုံးပင် မှိတ်ထားမိလိုက်သည်ထင့်!! ဒီ အသေးလေး အတော် အသံပြဲသကိုး!!

" oh... oh sehun.sshi "

" aww!! မင်း နိုးလာပြီလား "

" ဒါ... ဒါ ဘယ်လို အခြေအနေကြီးလဲ "

Junmyeon တစ်ယောက်... ခုနက အသံပြဲနဲ့ အော်ထားတာ သူ မဟုတ်တဲ့ အတိုင်းလေးနဲ့ oh sehun ကို မဝံ့မရဲ အသံလေးနဲ့ မေးလိုက်ပြီး... သူ့ကိုယ်သူလဲ ပြန်ကြည့်နေမိတယ်...

" jun..jun အဝတ်အစားတွေကော.😢
jun ဘာ ဘာ ဖြစ်သွားတာလဲ "

" ငါက အဲ့ဒါတွေကို ပြန်ရှင်းပြနေရအုံးမှာလား "

Oh sehun လဲ သူ့ရဲ့ အကျင့်အတိုင်း ထူထဲ နက်မှောင်လွန်းနေတဲ့ သူ့ရဲ့ မျက်ခုံနှစ်ဖက်ကို တွန့်ချို့လိုက်ပြီး မေးခွန်း ပြန်ထုတ်လိုက်တယ်!!

" jun မှ မဟုတ်မိတော့တာ လူဆိုးကြီးရဲ့... အီးး😭😭 "

" ဟာ.. ဟ ဘာလို့ ထငိုနေတာလဲ
မနက်စောစော လာဘ်ပိတ်အောင်ကွာ "

" aww!! ညက ဘာဖြစ်လို့ ဖြစ်မှန်းတောင် မသိဘဲ အခု နိုးလာတော့ ဒီလိုပုံကြီး ဖြစ်နေတာကို jun က ရီနေရမှာလားလို့ 😭😭 အီးး omma ရေ ကယ်ပါအုံး jun တော့ ဘဝပျက်ပြီ ထင်ပါတယ် 😭 "

" ဒီမှာ... မင်း ဘာမှ ငိုနေစရာ မလိုဘူး!! မင်းကို ငါ အပြည့်အဝ တာဝန်ယူပေးလို့ရတယ် "

ဘုရား 🙊 oh sehun ပါးစပ်က အခု ဘယ်လို စကားကိုပြောထွက်လိုက်တာ!!
တာဝန်ယူပေးမယ်ဆိုပါလား!!!!!!!!!!!
Oh sehun ဆိုတဲ့ သူက လွတ်လပ်စွာနဲ့ပဲ ဘဝကို အပူပင်မရှိ ဖြတ်သန်းလာခဲ့တာ... ဘာကိုမှ အပူမလိုချင်လို့ အတည်တွဲတဲ့ ချစ်သူဆိုတာတောင် မရှိခဲ့ဘဲ... တွဲခဲ့သမျှရည်းစားတိုင်းကို နည်းနည်းအာရုံနောက်တာနဲ့ အပြတ်ဖြတ်ပစ်ခဲ့တာ!!

မနေ့ညကလို party မျိုးမှာတောင် oh sehun ရဲ့ ပါတနာ ဆိုတဲ့ နာမ်စားနဲ့ ပြဖို့အတွက်ကို kim kai ကို ငှါးခိုင်းခဲ့သည် မဟုတ်ပါလား!!

အခု... ဒီ ကောင်မလေးကို... တာဝန်ယူမည်တဲ့လား...
မနေ့ညကမှ တွေ့ခဲ့တဲ့ မိန်းကလေး...
သူကော ကိုယ်ပါ မူးနေလို့ ဘာမှ မသိခဲ့ဘဲ မှားခဲ့ကြတဲ့အမှား ဆိုပေမယ့်... သူ့ရဲ့ ပထမဆုံးသော ညလေးတစ်ညဖြစ်ခဲ့တာ...

White RabbitWhere stories live. Discover now