Tulips......

6.9K 423 12
                                    

ကျွန်တော်က ဝမ်းနည်းနာကျင်မှုပမာဏတွေကိုလဲ
တိုင်းဆပြတတ်တဲ့ သူမျိုးမဟုတ်တာဟာ .. ပြဿနာပဲ...။
ခင်ဗျားချိုးလိုက်တဲ့.. နှင်းဆီကိုင်းကလေးက
ခပ်လွင်လွင်ကလေး ရယ်မောလိုက်တဲ့အခါ...
ဘေးနားက စံပယ်ရုံကလေးရဲ့.. ရှိုက်သံတွေကို ကြားမိခဲ့သေးလား...။
စစ်ရှုံးသွားတဲ့ သုံ့ပန်းလို အဖြစ်မျိုးထက်...
ကျွန်တော်က ခရစ်တော်မှာပဲ ရာသက်ပန်
အိပ်ပျော်နေလိုက်ချင်တော့တာမျိုးပေါ့...။
ခင်ဗျား ကျွန်တော့်ကို နားမလည်ပါဘူး...။
ခင်ဗျားနဲ့..ပွဲကျ ရယ်မောနေတဲ့
အမျိုးသမီးပေါင်းများစွာကို ကျွန်တော် နားမလည်ခဲ့သလိုမျိုးပေါ့...။ ဘယ်သူ့ဘက်က ခြေလှမ်းကို စလှမ်းလိုက်ရင်...
ကျွန်တော်တို့ နီးကပ်သွားကြမယ် လို့ ခင်ဗျား ထင်သလဲ...။
စိတ်မကောင်းစရာ ဖြစ်ရပ်ကတော့ ကျွန်တော်တို့နှစ်ယောက်စလုံး တစ်ယောက်ကို တစ်ယောက် ကျောခိုင်းနေမိခဲ့ကြတာပါပဲ....။

ကၽြန္ေတာ္က ဝမ္းနည္းနာက်င္မႈပမာဏေတြကိုလဲ
တိုင္းဆျပတတ္တဲ့ သူမ်ိဳးမဟုတ္တာဟာ .. ျပႆနာပဲ...။
ခင္ဗ်ားခ်ိဳးလိုက္တဲ့.. ႏွင္းဆီကိုင္းကေလးက
ခပ္လြင္လြင္ကေလး ရယ္ေမာလိုက္တဲ့အခါ...
ေဘးနားက စံပယ္ရုံကေလးရဲ႕.. ရႈိက္သံေတြကို ၾကားမိခဲ့ေသးလား...။
စစ္ရႈံးသြားတဲ့ သံု႔ပန္းလို အျဖစ္မ်ိဳးထက္...
ကၽြန္ေတာ္က ခရစ္ေတာ္မွာပဲ ရာသက္ပန္
အိပ္ေပ်ာ္ေနလိုက္ခ်င္ေတာ့တာမ်ိဳးေပါ့...။
ခင္ဗ်ား ကၽြန္ေတာ့္ကို နားမလည္ပါဘူး...။
ခင္ဗ်ားနဲ႔..ပြဲက် ရယ္ေမာေနတဲ့
အမ်ိဳးသမီးေပါင္းမ်ားစြာကို ကၽြန္ေတာ္ နားမလည္ခဲ့သလိုမ်ိဳးေပါ့...။ ဘယ္သူ႔ဘက္က ေျခလွမ္းကို စလွမ္းလိုက္ရင္...
ကၽြန္ေတာ္တို႔ နီးကပ္သြားၾကမယ္ လို႔ ခင္ဗ်ား ထင္သလဲ...။
စိတ္မေကာင္းစရာ ျဖစ္ရပ္ကေတာ့ ကၽြန္ေတာ္တို႔ႏွစ္ေယာက္စလံုး တစ္ေယာက္ကို တစ္ေယာက္ ေက်ာခိုင္းေနမိခဲ့ၾကတာပါပဲ....။

Tulips.......Where stories live. Discover now