Tulips.......

4.8K 351 12
                                    

ကျနော် ရှေ့က ကော်ဖီခွက်ကလေးထဲမှာများ ခင်ဗျား
ရောက်နေခဲ့မလား လို့ စိတ်ကူးကြည့်ရုံကလေးနဲ့
ကျနော် ရူးသွားနိုင်တယ်လို့ ထင်ပါသလား
ဖန်ပုလင်းထဲ ဝှက်ထားတဲ့ ခင်ဗျား ရယ်သံတွေကို
၁၁ နာရီ ၆ မိနစ်တိုင်းမှာ ကျနော် ကြားတယ် ....
ကျနော့်အလွမ်းတွေဟာ စာပို့ခိုတစ်ကောင်အနေနဲ့
အသွင်ပြောင်းသွားနိုင်မယ်လို့ ဘာဖြစ်လို့များ
မကြာခဏ ထင်မြင်နေခဲ့မိပါလိမ့် ...
နယ်နိမိတ်စည်းတွေဟာ ကျနော်တို့ နှစ်ယောက်ကြားမှာ
ဘယ်တုန်းကမှ စောက်ရေးမပါခဲ့ဘူး ....
အသက်ရှူကျပ်လာတိုင်းမှာ အော်ဟစ်ဆဲဆိုပစ်လိုက်ရတဲ့အခါ
ကျနော် ငှက်တစ်ကောင်ဖြစ်သွားခဲ့တယ်လို့ ထင်ရတာပဲ
မိန်းကလေးတစ်ယောက်ဟာ ဆဲဆိုမနေသင့်ဘူးဆိုတဲ့
အတွေးအခေါ်မျိုးတွေ ခင်ဗျားဆီမှာ ရှိနေနိုင်မှာ မဟုတ်ဘူးလို့
ကျနော် သေချာနေချင်ပြန်တယ် ....
ချစ်ခြင်းတရားဟာ နူးနူးညံ့ညံ့ကလေး
ကိုင်တွယ်ဖြေရှင်းရတဲ့ ပြဿနာလို့ ကျနော်တော့
မယုံဘူး ... ခင်ဗျားရော အဲ့ဒီသတ္တဝါကို
ဘယ်လို ထင်မြင်ယူဆသလဲ ....
အဲ့ဒီထင်မြင်ယူဆချက်ဟာလဲ ဒီသံသရာအတွင်းမှာတော့
ကျနော့်အတွက် သိပ်အရေးကြီးနိုင်တော့မယ် မဟုတ်ပါဘူး
ဘာပဲဖြစ်ဖြစ်
ကျနော်အနေနဲ့ကတော့
အခန်းတခန်းရဲ့
ထောင့်တစ်နေရာလေးမှာ
ကျနော် ရှိနေခဲ့တဲ့ အကြောင်း
ခင်ဗျားကို ယုံကြည်စေချင်ရုံကလေးတင်ပါ ..

က်ေနာ္ ေရွ႕က ေကာ္ဖီခြက္ကေလးထဲမွာမ်ား ခင္ဗ်ား
ေရာက္ေနခဲ့မလား လို႔ စိတ္ကူးၾကည့္႐ုံကေလးနဲ႔
က်ေနာ္ ႐ူးသြားႏိုင္တယ္လို႔ ထင္ပါသလား
ဖန္ပုလင္းထဲ ဝွက္ထားတဲ့ ခင္ဗ်ား ရယ္သံေတြကို
၁၁ နာရီ ၆ မိနစ္တိုင္းမွာ က်ေနာ္ ၾကားတယ္ ....
က်ေနာ့္အလြမ္းေတြဟာ စာပို႔ခိုတစ္ေကာင္အေနနဲ႔
အသြင္ေျပာင္းသြားႏိုင္မယ္လို႔ ဘာျဖစ္လို႔မ်ား
မၾကာခဏ ထင္ျမင္ေနခဲ့မိပါလိမ့္ ...
နယ္နိမိတ္စည္းေတြဟာ က်ေနာ္တို႔ ႏွစ္ေယာက္ၾကားမွာ
ဘယ္တုန္းကမွ ေစာက္ေရးမပါခဲ့ဘူး ....
အသက္ရွဴက်ပ္လာတိုင္းမွာ ေအာ္ဟစ္ဆဲဆိုပစ္လိုက္ရတဲ့အခါ
က်ေနာ္ ငွက္တစ္ေကာင္ျဖစ္သြားခဲ့တယ္လို႔ ထင္ရတာပဲ
မိန္းကေလးတစ္ေယာက္ဟာ ဆဲဆိုမေနသင့္ဘူးဆိုတဲ့
အေတြးအေခၚမ်ိဳးေတြ ခင္ဗ်ားဆီမွာ ရွိေနႏိုင္မွာ မဟုတ္ဘူးလို႔
က်ေနာ္ ေသခ်ာေနခ်င္ျပန္တယ္ ....
ခ်စ္ျခင္းတရားဟာ ႏူးႏူးညံ့ညံ့ကေလး
ကိုင္တြယ္ေျဖရွင္းရတဲ့ ျပႆနာလို႔ က်ေနာ္ေတာ့
မယံုဘူး ... ခင္ဗ်ားေရာ အဲ့ဒီသတၱဝါကို
ဘယ္လို ထင္ျမင္ယူဆသလဲ ....
အဲ့ဒီထင္ျမင္ယူဆခ်က္ဟာလဲ ဒီသံသရာအတြင္းမွာေတာ့
က်ေနာ့္အတြက္ သိပ္အေရးႀကီးႏိုင္ေတာ့မယ္ မဟုတ္ပါဘူး
ဘာပဲျဖစ္ျဖစ္
က်ေနာ္အေနနဲ႔ကေတာ့
အခန္းတခန္းရဲ႕
ေထာင့္တစ္ေနရာေလးမွာ
က်ေနာ္ ရွိေနခဲ့တဲ့ အေၾကာင္း
ခင္ဗ်ားကို ယံုၾကည္ေစခ်င္႐ုံကေလးတင္ပါ ..

Tulips.......Where stories live. Discover now