Part(10)

1.6K 139 4
                                    

Zawgyi

Lu-"Hello...Ji sambae...."

Hun-"ဟင်!"

Lu-"အရေးတကြီးပြောစရာရှိလို့အခုချက်ချင်း လာခဲ့မယ်။"

Hun pov<ရုတ်တရက်ကြီးဘာဖြစ်သွားတာလဲ Ji sambaeတဲ့လား။နှစ်ယောက်သားက ဘယ်လိုအခြေအနေတွေလဲ။လိမ်နေကြတာလား။ငါ့မွေးနေ့မှာတောင်ဒီလို ပစ်ပြီးထွက်သွားရက်တယ်နော်။ရောဂါအခြေအနေကြောင့်လို့ပဲနားလည်လိုက်ပါ့မယ်>

Hunတစ်ယောက်ကိတ်မုန့်လေးလုပ်ရင်းငိုနေမိ လေသည်။မွေးနေ့မှာတောင်တစ်ယောက်ထဲပဲ လေ။ဘယ်သူမဆိုကိုယ့်မွေးနေ့ကိုချစ်ရသူနဲ့ အတူဖြတ်သန်းချင်မှာပေါ့။ထိုအချိန်တွင်Baek တစ်ယောက်လက်ဆောင်ထုပ်နှင့်ရောက်ချလာ လေသည်။မျက်ရည်တွေနှင့်တံခါးလာဖွင့်ပေး သောHunnieကိုတွေ့လိုက်ရတော့ဘာပြောရမှန်းမသိတောင်ဖြစ်သွားမိလေသည်။

Baek-"ဘာဖြစ်လို့လဲ?"

Hunnieလည်းအကြောင်းစုံပြောပြလိုက်လေသည်။

Baek-"Aww...သူကခံစားချက်တစ်ခုခုဖြစ်လို့ သွားမေးတာဖြစ်မှာပေါ့။အခုမှသင်ယူနေတုန်း လေ။တဖြည်းဖြည်းတော့အဆင်ပြေလာမှာပါ။ တကယ်လို့Ji Sambaeနဲ့သာဖောက်ပြန်မယ်ဆို Luhanကအိမ်တောင်ပြန်လာမှာမဟုတ်ဘူး။ ရှင်သူ့ကိုယုံသင့်တယ်။"

Hun-"ဟုတ်တယ်နော်။"

Baek-"သူကဘာမှမလုပ်တာကိုရှင်ကဘာတွေစိုးရိမ်နေတာလဲ။"

Hun-"သူကဘာမှမလုပ်မှန်းသိနေတာတောင် စိုးရိမ်မိနေတယ်။သံသယတွေရှိနေတုန်းပဲ။ ကိုယ်ကချစ်ရတဲ့သူလေ။ဆုံးရှုံးရမှာကြောက် တာပေါ့။"

Baek-"ဟင်!"

အခုမှBaekတွေးမိလိုက်သည်။သူမ တစ်ချိန်လုံး တွေးထားခဲ့တာကYeolကသူမကိုမယုံပေးခဲ့ဘူး ဆိုတာကိုပါပဲ။

Baek pov<ဒါဆို...Yeolလည်းဒီလိုခံစားခဲ့ရ တာလား?>

Baek-"စိတ်ကိုလျော့ပါHunnieရယ်။သူ့ခံစားချက်တွေပြန်ရလာရင်ပြောင်းလဲလာမှာပါ။"

Hun-"အင်းပါ။မျှော်လင့်ရတာပေါ့။"

ဆေးခန်းတွင်လည်း-

Ji-"Omo...အဲဒါကရင်ခုန်တာလို့ခေါ်တယ်.. Heehee...ချစ်ခြင်းရဲ့အစပေါ့။တဖြည်းဖြည်းနဲ့ ချစ်မိလာလိမ့်မယ်။စိတ်ဝင်စားစရာပဲ။"

အသက်မဲ့နေသောနှလုံးသား(Completed)Where stories live. Discover now