"လွမ်းချင်းလင်္ကာ"

1.5K 129 2
                                    

°° ဖြူစင်မှုအတိပြီးသော ကျွန်တော်တို့၏ ချစ်ခြင်းများသည်
ပန်းနုရောင်အနားသတ်ဖြင့် သေသပ်စွာ လှပသည်.. ••

°°မြတ်နိုးမှုအတိပြီးသော ကျွန်တော်တို့၏ နှလုံးသားတစ်စုံသည် တမ်းတခြင်း အနားသတ်ဖြင့် တင့်တယ်ကာ ပနံရလှသည်.. ••

~ လွမ်းချင်းလင်္ကာ

<>..<>..<>..<>..<>..<>..<>..<>

'နန်းတက်မင်းသား! နန်းတက်မင်းသား~.. '

ပုခုံးကို ခပ်ဖွဖွထိရင်း ခေါ်လိုက်သံ တိုးတိုးကြောင့်
ညီလာခံထဲဝယ် ငိုက်တော်မူနေသော နန်းတက်မင်းသား
Chanyeol တစ်ယောက်နိုးတော်မူလာပြီး..

"မှန်ကန်သင့်မြတ်လှကြောင်းပါ ဖခမည်းတော်ဘုရား~"

သူအိပ်ငိုက်နေ၍ ဘာကို မိန့်လိုက်မှန်း မသိသော်လည်း..
လျှောက်လိုက်သည့်စကားက အမိန့်တော်နှင့် အပ်စပ်
သွားသည်မို့... ဖခမည်းတော်မင်းကြီးဟာ မိန့်မိန့်ကြီးပြုံးလျက်

အလျှောက်ကောင်းလို့ အထောင်းသက်သာ
ဆိုသလိုပေါ့...

"ကဲ.. ဒါဆို ငါ ကိုယ်တော် ပြန်ကြွတော့မယ် "

...

''ဟာ..ကိုယ်တော် သဘောမတူနိုင်ဘူး... ဖခမည်းတော်ကို
သွားပြန်ပြောမယ် "

နန်းတက် မင်းသား Chanyeolသည် သူငိုက်နေစဉ် ခမည်း
တော် မိန့်သွားသည်ကို အထိန်းတော်ထံမှ ပြန်သိပြီး
စိတ်တော် ငြိုငြင်သွားလေခြင်း

"အာ.. စိုးရွံမိပေမယ့် အဲ့ဒီ့လိုလုပ်လို့မရပါဘူး မင်းသားလေး
... နန်းတက်မင်းသားဆိုတာ.. စကားကိုလွယ်လွယ်နဲ့
ပြောလို့မဖြစ်သလို လွယ်လွယ်နဲ့လည်း ပြန်ပြင်လို့ မဖြစ်ပါဘူး
ပြီးတော့.... အဲ့လို သွားပြန်ပြောလိုက်ရင် မင်းသားလေး
အိပ်ငိုက်နေတာ သိသွား.. "

အထိန်းတော်ကြီး စကားပင်မဆုံးသေး..

"Aish... မသွားတော့ပု မသွားတော့ပု ရပြီလား..
တကယ်တည်း သြဝါဒကို ခြွေလို့အပြီးနိုင်ဘူး..ဟွန့် ''

နှုတ်ခမ်းကိုဆူလျက် မျက်မှောင်ကြုတ်ကာ ပွစိ ပွစိ ရေရွတ်
နေတဲ့ နန်းတက်မင်းသားလေးကို ကြည့်ကာ အထိန်းတော်
ကြီး ချစ်စနိုးပြုံးမိသည်...

Love shots with our Two Pieces Of Love💜Where stories live. Discover now