"The Second Chance"

958 115 19
                                    

လွမ်းနေပါရက်နှင့် လွမ်းစရာဟူ၍ အမည်ဖော်စရာမရှိ။

လွမ်းနေပါရက်နှင့် လွမ်းသည်ဟု ဖွင့်ဟခွင့်မရတော့သော မိမိအဖြစ်။

တွေးမိတိုင်း ခပ်နင့်နင့်ရင်နှင့် လွမ်းဆွတ်ဟန်ရှိသော အပြုံးတစ်ပွင့်က နှုတ်ခမ်းတွင်ဖြစ်တည်လာသည်.....

"နောင်တဆိုတာ နောင်မှရသည်" တဲ့.....

ဟင့်အင်း...သူနောင်တမရပါဘူး....

နောက်တစ်ခါဆိုတာများ ရှိခဲ့ရင် မလွတ်တမ်းဖမ်းဆုပ်ထားချင်ရုံပါ...

မျှော်လင့်ရုံ သက်သက်မျှသာ....

"The Second Chance"

ပြတင်းပေါက် အပြင်ဘက်မှ ဖွဲဖွဲလေးကျနေသော မိုးစက်အချို့ကို လက်ချောင်းကလေးနှင့် ရိုက်ခတ်ကစားမိသောအခါ မိုးစက်အမှုန်အမွှားအချို့က ဖြူနုနု မျက်နှာအထက်သို့ လာရောက်ကျီစယ်ကြ၏....

"အေးသွားတာပဲ....."

လေးထောင့်ဆန်ဆန် အပြုံးတစ်ခု နှုတ်ခမ်းထက်တွင်တဖန်ဖြစ်တည်လာသည်ကို သတိပြုမိတော့ တချိန်က

"ကိုယ့်မဟုတ်တဲ့ တခြားသူရှေ့မှာ အဲလိုပြုံးမပြနဲ့ကွာ..."

ဆိုတဲ့ သြရှရှ အသံတစ်ခုကို လွမ်းသည်....

သူ့ဆီမှ "လွမ်းသည်..." "ချစ်သည်..." ဟူသော ဖွင့်ဟဝန်ခံချက် အချို့ကို လက်ခံရရှိစဉ်က လွမ်းတုံ့မပြန်တတ် ချစ်တုံ့မပြန်တတ်ဟန် ရှိသော ဘာမှမလုပ်တတ်သည့် ကလေးငယ်တစ်ယောက် ကဲ့သို့ ပြုမူခဲ့သော ကိုယ်သည် ယခုအချိန်အခါမှ "ချစ်လှပါသည်...."
"လွမ်းလှပါသည်.." ဟု ကျိန်ပြောရင်တောင် သူယုံတော့မယ် မထင်ပါဘူး....

ဘယ်သူမပြု မိမိမှုပဲလေ....

ပြောခွင့်ရှိဦးမယ်ဆိုရင် သေချာပေါက် ပြောချင်ခဲ့တယ်ဆိုတာ နှစ်အနည်းငယ်ပင် စွန်းခဲ့သော စောင့်ဆိုင်းရချိန်တစ်ခုက သက်သေပြုပေးနိုင်သည်...

ဆုံခွင့်ဆိုတာပင် ဘယ်ဆီနေမှန်းမသိတဲ့ဟာ ဝန်ခံဖို့ မသိမသာမျှော်လင့်နေသော မိမိအဖြစ်ကိုတွေးမိတော့ ခပ်ဟဟ ရယ်မိပြန်သည်...

You've reached the end of published parts.

⏰ Last updated: Jul 01, 2017 ⏰

Add this story to your Library to get notified about new parts!

Love shots with our Two Pieces Of Love💜Where stories live. Discover now