8

4K 353 43
                                    

-Zawgyi

Tae's Diary

[14ရက်​မြောက်​နေ့]

ကျွန်​​တော်​ စာမ​ရေးနိုင်​​တော့ဘူး Jungkook...

အိပ်​ယာထဲကထဖို့​တောင်​ အနိုင်​နိုင်​ဖြစ်​​နေခဲ့ပြီ။

လက်​​ရေး​တွေ​လေည်း မပီ​တော့ဘူး။

နောက်​​နေ့​တွေဆို ဒီစာအုပ်​​လေးကို ကိုင်​​တောင်​ကိုင်​နိုင်​​တော့မယ်​ မထင်​ဘူး။

အိပ်​ယာထက်​မှာ ငြိမ်​သက်​စွာ လဲ​လျောင်းရင်​ လဲ​လျောင်း​နေမှာ။ ​သေချာတာ​တော့ Jungkookကို လွမ်း​နေမှာပါ။

တောင်းပန်​ပါတယ်

နောက်​ဘဝမှ ကျန်းမာတဲ့လူတစ်​​ယောက်​အဖြစ်​ Jungkookအနားမှာ ​နေ​ပေးပါ့မယ်​......။

အကယ်​၍ ဒီစာကို Jungkookဖတ်​ဖြစ်​ခဲ့ရင်​​လေ ​နောက်​စာမျက်​နှာမှာ ကျွန်​​တော်​ ​သေဆုံးခဲ့တဲ့ ရက်​စွဲ​လေးကို ​ရေး​ပေးပါ။

ကျွန်​​တော်​တို့ ပြန်​မဆုံနိုင်​​တော့ဘူး​နော်​။

ချစ်​တယ်​ Jeon Jungkook! အရမ်းချစ်​တယ်​......!!!!

Kim Tae Hyung

♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥

ပြီးဆုံးသွားခဲ့တဲ့ Taeရဲ့ Diary.....။

ရူးမတတ်​ပဲ။ ​နောက်​စာမျက်​နှာဟာ အဖြူထည်​သက်​သက်​။ ဘာဆိုဘာမှမရှိ​တော့တဲ့ စာမျက်​နှာတစ်​ရွက်​။ အဲ့လိုပဲ ​လောကကြီးထဲမှာလည်း Tae မရှိ​တော့ဘူး။

" Jimin ငါ့ကို​ပြောပါ။ ​ကျေးဇူးပြု၍ Taeရှိ​သေးတယ်​လို့ ငါ့ကို​ပြော​ပေးပါ "

ကျဆင်းလာတဲ့ မျက်​ရည်​​တွေကို ကျွန်​​တော်​ ဖယ်​ထုတ်​မပစ်​ဘူး။ Jiminရဲ့​ကော်​လံစကိုသာ တင်းတင်းဆုပ်​ထားမိတယ်​။ ရူးမတတ်​ပဲ။ တကယ်​ကို ရူးမတတ်​ပဲ။ ကျွန်​​တော့်​​ကောင်​​လေး၊ ကျ​တော်​သိပ်​ချစ်​ရတဲ့ ကျွန်​​တော့်​​ကောင်​​လေးက ဒီ​​လောကကြီးထဲက​နေ ကျွန်​​တော်​ မသိလိုက်​ပါဘဲ အပြီးအပိုင်​ထွက်​ခွာသွားခဲ့ပြီတဲ့​လေ။

Diary / / Short StoryWhere stories live. Discover now