Part 1

657 27 4
                                    

အားပြင်းတဲ့လက်သီးတွေ ကန်ချက်တွေ ကြောင့်အရိုးတွေကျိုးကြေသွားတဲ့အသံဟာ ချောင် ကျကျ  လမ်းကြားလေးထဲကနေထွက်ပေါ်လာ
သည်အဲ့ဒီအသံတွေနဲ့အတူ အော်သံတွေ ညည်းသံတွေကိုလည်းကြားနေရသည်အဲ့နားကိုရောက်သွားတဲ့သူ ဘယ်သူမဆို ဝင်ဆွဲဖို့အသာထား
အသံတွေကြားရုံနဲ့တင်အဲ့လမ်းကြားလေးထဲဘာ
ဖြစ်နေလဲဝင်ကြည့်ရဲမှာတောင်မဟုတ်

ဘာပဲဖြစ်ဖြစ်
ဒါဟာအထက်တန်းကျောင်းသားတွေရဲ့သာမန်
ရန်ပွဲတစ်ခုပင်ဖြစ်သည်
မြီးကောင်ပေါက်အရွယ်လေးတွေရဲ့
အထိမခံရွှေပန်းကန်လေးတွေရဲ့ရန်ပွဲ
ဒါပေမယ့်ရန်ပွဲကတော့ရန်ပွဲပဲမဟုတ်ပါလား

"သေစမ်း!ခွေးကောင်"
ရွှံတွေနဲ့သွေးနည်းနည်းပေနေတဲ့ယူနီဖောင်းကို
ဝတ်ထားတဲ့ကောင်လေးတစ်ယောက်ဟာ 
ဆံပင်အနီရောင်ဆိုးထားတဲ့တစ်ယောက်ဆီ
လက်သီးတစ်လုံးပစ်သွင်းလာသည်တကယ်အားပြင်းတဲ့လက်သီး ထိများထိသွားရင် မေးစေ့တောင်ကွဲသွားလောက်သည်
ဒါပေမယ့် ဆံပင်အနီရောင်နဲ့ကောင်လေး
အတွက်ကတော့မဟုတ်ပါ
သူဟာဒီလက်သီးကိုအလွယ်တကူပဲရှောင်လိုက်
ပြီး လက်သီးပိုင်ရှင်ကိုလည်းလေပေါ်မြောက်သွာ
လောက်တဲ့အမြင့်ကန်ချက်တွေပေးလိုက်သည်
"tsk ..Bobby သူတို့တွေဘာကြောင့်ဒီလောက်ထိညံ့ကြတာလဲ" Kim Hanbinလို့ခေါ်တဲ့
အနီရောင်ဆံပင်နဲ့တစ်ယောက်ကစိတ်ပျက်စွာ
ပြောသည်
သူဟာဒီပျော့တိပျော့ညံ့ကောင်လေးတွေကို
အနိုင်ရတာ ဂုဏ်ယူမနေပါ သူကတကယ့်
ရန်ပွဲကိုလိုချင်သည်တကယ်အသေအကျေတိုက်
ရတာမျိုး သူ့အသက်ကိုလောင်းကြေးထပ်ပြီး
((တကယ်တော့လည်း သူတို့လိုအထက်တန်းကျောင်းသားလေးတွေရဲ့လောင်းကြေးက အသစ်
ထွက်တဲ့ video game ထက်မပိုပါဘူး))
"သူတို့ကစိန်ခေါ်တာကိုး ငါလည်းမတတ်နိုင်ဘူး" လို့ Bobby ဆိုတဲ့တစ်ယောက်က ကောင်လေးတစ်ယောက်ရဲ့ခေါင်းကိုလက်မောင်းကြားထဲညှပ်ထားရင်းနဲ့ဖြေသည်
"အနည်းဆုံးတော့ Chanwooနဲ့Donghyukအတွက်အတွေ့အကြုံ
ရတာပေါ့"
သူတို့နှစ်ယောက်လုံး  တကယ်ဖိုက်နေကြတဲ့juniorလေးတွေကိုလှမ်း
ကြည့်ရင်း Hanbin ကဂုဏ်ယူနေတဲ့အဖေတစ်ယောက်လိုပြုံးမိသည် သူတို့လေးတွေတောင်
လက်ရည်တော်တော်တက်လာကြပြီ
"မျက်ရည်တောင်လည်တယ်ကွာ"

Make U Proud Where stories live. Discover now