Part 2

262 24 0
                                    

  နောက်တစ်ကြိမ် Junhoeကိုကြိုဖို့သူ့အမေ ခိုင်းတဲ့အချိန်မှာတော့ Habin တကယ့်ရန်ပွဲထဲရောက်နေသည်  တကယ့်ရန်ပွဲလို့ဆိုသည်က အရင်လိုသူ့လောက်မတော်သူများနှင့်ချခြင်းမျိုးမဟုတ်ပဲ သူများတွေကိုလည်းအနာတရဖြစ်အောင်လုပ်သည့်အပြင် ကိုယ်ကိုတိုင်လည်း သွေးထွက်အောင်အချခံရသည့် တကယ့်ရန်ပွဲဖြစ်သည်
ဒါပေမယ့် Hanbin တို့အဖွဲ့သာအမြဲနိုင်သည်စ်ြသည်  နောက်ထပ် Limited edition ဂိမ်းလေး
ကသူ့တို့လက်ထဲတွင်တဖိတ်ဖိတ်တောက်ကာ နေသည်      ဒီရန်ပွဲကတော့အရင်တစ်ခေါက်တွေကထက်ပိုကြာကာပိုခက်ခဲနေသည်  လောင်းကြေးကလည်း limited edition ဆိုတော့ တစ်ဖက်ကလည်းလွယ်လွယ်နှင့်အလျော့မပေး
ဒီလိုနဲ့ပဲJunhoeကိုကြိုရန်နောက်ကျတော့သည်
Junhoe ရဲ့မူကြိုကိုရောက်တော့လူတောင်မရှိတော့  Hanbin ဝမ်းသာသွားသည် မဟုတ်ရင်အခုမှရန်ဖြစ်ပြီးသွေးသံရွှဲရွှဲနှင့်ရုပ်ကိုမြင်သွားပါကBom Noonaအပြောအဆိုခံနေရဦးမည် အခုဆိုရင်တာဝန်ကျတဲ့ဆရာနဲ့ပဲတွေ့ရလျှင်တော့နားပူရမဲ့ဘေးကလွတ်နိုင်လောက်သည်  Hanbin တစ်ယောက်တည်းအတွေးတွေပွားကာ မူကြိုထဲဝင်လာသည်  အရင်က ကလေးတွေနဲ့ဆူညံပွက်လောရိုက်နေသောအဆောက်အုံကြီးကအခုတော့ တိတ်ဆိတ်နေသည်  ကလေးတွေက တကယ်ဆူညံသည်မဟုတ်ပါလား။သနားစရာကစားကွင်းလေးကအခုမှအနားရတော့သည်။ရှည်လျားသောကောရစ်တာတစ်လျှောက် ဝင်လုဆဲဆဲနေရောင်ကဖြာကျနေသည် ။
အရောင်နုနုနံရံပေါ်တွင်ရေးဆွဲထားသော ကလေးဆန်ဆန် ပန်းပွင့်များ ကြယ်များ တိရိစ္ဆာန် အကောင်လေးများကြောင့် နံရံကတော့ရှက်နေ မည်လား။
အဝေးတစ်နေရာမှသံစဉ်သဲ့သဲ့
လေးကိုကြားနေရသည် စန္ဒားရားတီးသံများလား?     သံစဉ်လေးတစ်လျှောက်Hanbin
လိုက်လာခဲ့သည်  အနားနီးလာသောအခါ Junhoeရဲ့အသံစူးစူးနဲ့အတူ နူးညံ့သောကြည်လင်သော နွေးထွေးသောအေးချမ်းသောအသံလေး
ကပျံ့လွင့်လာသည် ထိုအသံလေးနောက် Hanbin လိုက်လာမိသည်။ထို အသံ ကတော်တော် အေးချမ်းသည် ။ထိုအသံလေးကိုတစ်သက်လုံးနားထောင်ချင်မိသည်။ ထိုအသံရဲ့ပိုင်ရှင်ကိုတွေ့မြင်ချင်လာသည်။ ထိုအသံလေးကိုအမျိုးမျိုးဖွဲ့နွဲ့နေမိသည်။ နွေဦးရဲ့လေညှင်းလေးလို  ။Vanilla နဲ့ strawberry ကိုရောထားသလို  ။သက်တံ့လေးထွက်လာသလို ။
အခန်းထဲတွင်JinhwanကJunhoeကိုပေါင်ပေါ်
တင်ကာစန္ဒားရားတီးပြီးသီချင်းဆိုနေသည် ။
Jinhwan ကိုကြည့်ပြီး Angelဆိုတာတကယ်ရှိကြောင်းယုံချင်လာသည် ။Jinhwan ပြုံးလိုက်တဲ့အခါ မျက်လုံးလေးများကလခြမ်းကွေးလေးလို ကွေးညွတ်တောက်ပနေသည်။ဖြာကျနေသည့်နေရာင်အောက်မှာJinhwanရဲ့အသား
အရေကတောက်ပနေသည်   Hanbin ရုတ်တရက်ကြီးကဗျာရေးချင်လာသည် ဖြစ်နိုင်လျှင် အချစ်သီချင်းလှလှလေး။
Hanbin တစ်ယောက်တံခါးနားမှာပါးစပ်အဟောင်းသားနှင့်ရပ်နေသည်ကို jinhwan သတိထားမိသွားသည် သီချင်းကိုအဆုံးသတ်ကာသူ့ကိုလှည့်
ကြည့်လာသည်
"Hanbin?"
"oh!...eh"
Jinhwanခေါ်သံကြားမှHanbinအသိပြန်ဝင်လာသည်
"Junnieကိုလာကြိုတာဟုတ်?"
Hanbin ခေါင်းသာငြိမ့်ပြနိုင်သည်
"ဟင် မင်းမျက်နှာကဘာဖြစ်လာတာလဲ"
Jinhwan နေရာမှထကာHabinဆီလျှောက်လာနေသည် Jinhwan က Hanbinထပ်ကြီးသော်လည်းအရပ်ကတော့သူ့လောက်
မရှည် သူ့ထက်လည်းလူကောင်သေးသည်ဟုတွေးနေမိသည်

Make U Proud Where stories live. Discover now