Part 1

14.9K 660 11
                                    

တည်ငြိမ်နေသောကောင်းကင် သို့ပေမယ့် အနွေးဓာတ်ကိုပေးစွမ်းမည့် နေမင်းကြီးမရှိပေ....

မှောင်မိုက်သည်ဟုမပြောသာ အလင်းသည်သင့်တင့်စွာ ဖြန့်ကျက်လျက် ပနံသင့်နေလေသည်....

ကားအတွင်းခန်းမှာတော့ ယနေ့ရာသီဥတုအခြေအနေမှာ မိုးရွာဖွယ်ရာရှိကြောင်း ကြေငြာချက်ကသာပြန့်လွင့် နေလေသည်....ကျွန်တော့်အတွက်မူ ယနေ့ကိုယ်ပိုင်ရာသီဥတုလေးက သာယာနေပေသည်လေ....

"သားငယ် hyunee ထီးယူသွားနော် လိုလာလိမ့်မယ်"

အပြုံးချိုချိုအားဆင်မြန်းလျက် အသံသာသာနဲ့ ထီးလေးကိုလွယ်အိတ်ထဲထည့်ပေးနေတဲ့ omma...

"ဟုတ်ကဲ့ omma... omma ရောထီးမယူသွားတော့ဘူးလား သားကိုထီးပေးလိုက်တော့ omma ကရောဟင်???"

ထိုအခါ omma က ကျွန်တော့် ဆံပင်လေးကိုအသာသပ်ပေးကာဖြင့်...

"Omma ကမလိုဘူးလေ အတွင်းရေးမှူးက ကားနားအထိလာကြိုပေးမှာလေ"

ထိုအခါမှ ကလေးလေးတစ်ယောက်တစ်ဖွယ် မျက်လုံးလေးများမှိတ်သွားသည်အထိပြုံးပြလေသော Baekhyunee...

"CEO ကျောင်းကိုရောက်ပါပြီ"

Omma ရဲ့ driver ဦးလေးကြီးက ကားကိုဖြေးညင်းစွာရပ်လိုက်ပြီးပြောတော့မှ omma ကို နှုတ်ဆက်အနမ်းလေး ပေးကာ ဆင်းလိုက်တယ်....

ကျောင်းပေါက်ဝရောက်တာနဲ့ ဆီးကြိုကာစောင့်နေသော Jong Dae နဲ့ Kyung Soo ကိုတွေ့ရလေပြီ...

ဒါဟာကျွန်တော့်တစ်နေ့တာအစမှာ အမြဲမပျက်ပါဝင်လျက်ရှိပါသော ကျွန်တော့်၏ အသက်မကချစ်ရပါလေသော သူငယ်ချင်းနှစ်ယောက်....

"Hyunee ဒီနေ့ Ommoni ကားနဲ့လိုက်လာတာလား"

ပခုံးဖက်ကာအမေးအမြန်းစသူက Jong Dae

"အေးဟုတ်တယ် Omma က ဒီနေ့ အစည်းဝေးရှိလို့စောစောသွားတာနဲ့ တစ်ခါတည်းလိုက်လာတာ"

"ကဲလာသွားကြရအောင် morning coffee လေးအချိန်ရှိတုန်းသောက်ကြရအောင်လို့ "

Kyung Soo ကအလည်ကနေ နှစ်ယောက်လုံးပခုံးကိုဖက်ပြီးခေါ်သွားလေရဲ့...

"Hyunee က နို့ သကြားပုံမှန် Kyungniee က လက်တေး အချိုနဲနဲ ဒါပဲလား"

တစ်ယောက်အကြိုက် တစ်ယောက်သိတယ်ဆိုထဲက တော်ရုံ ရင်းနှီးတဲ့ဆက်ဆံရေးမျိုးမဟုတ်ပေ...

PoisonWhere stories live. Discover now