Part 28 (Final part)

5.3K 326 85
                                    

"Chanyeol ငါဝင်လာမယ်နော်"

"အော JongIn လာလေ... ထိုင် အိမ်အထိအောင်ရောက်လာရတာဆိုတော့ ဘာများအရေးကြီးလို့လဲ"

ကုတင်ပေါ်တွင်ထိုင်လိုက်သော Jong In။

"ဒီအတိုင်းပဲ ဘာလဲ အရေးကြီးကိစ္စရှိမှလာရမှာလား"

"မဟုတ်ပါဘူးကွာ ဒါနဲ့ မင်းကလေးရော"

"အိမ်မှာနေမှာပေါ့"

"ဩော်.."

"Hyunee စီတော့မကြာခနသွားတယ် ဒါနဲ့ Jong Dae ဆိုတဲ့ကောင်လေးနဲ့ Hyunee လမ်းခွဲလိုက်တယ်ဆို"

Chanyeol ပြုံးမိသွား၏။

"မင်းသိနေခဲ့တာလား Chanyeol"

"အင်း...မရည်ရွယ်ဘဲ သိခဲ့တာ ဒါပေမယ့် hyunee ကတော့ဘာမှမပြောလို့ ဒီအတိုင်းနေလိုက်တာ"

"အေး ဒီတစ်ခေါက် အရင်လိုပဲအေးတိအေးစက်လုပ်နေကြည့် ရုံးခန်းထဲကထက်ဆိုးသွားမယ်နော် သူငယ်ချင်းတွေ ဘာတွေ ထောက်နေမှာမဟုတ်ဘူး ကြားထဲက Oh Sehun ပါ ဝင်ကာရင် သူ့ကိုပါ ခေါင်းရိုက်ခွဲမှာ Xing ကို စစ်ကူတောင်းလဲ ငါ လက်မခံဘူးနော်"

"ဘာလို့ ကြောက်စရာကောင်းလောက်အောင် hyunee နဲ့ ပက်သတ်လာရင် ဒေါသထွက်နေရတာလဲ "

"ငါ Kyungnee ဆီကနေ အကုန်သိပြီးသွားထဲက Hyunee ကို မင်းနဲ့ပြန်အဆင်ပြေစေချင်ခဲ့တာ.... ဒါပေမယ့် Jong Dae ဆိုတဲ့ကောင်လေးကိုလဲ သနားပြန်တယ် ပြီးတော့ အထူးသဖြင့်မင်းကိုရော ဒေါသထွက်မိပေမယ့် နားလည်မိတယ်"

"Kim JongIn တောင်ရင့်ကျက်လာပါလား"

"မင်းသာအရင့်ကျက်လွန်ပြီးအခုထိ ချစ်နေတဲ့သူက ချစ်နေတာတောင် အနားမခေါ်ထားနိုင်ဘူးမှတ်လား"

"ငါက hyunee ကို ထပ်မနာကျင်စေချင်လို့ပါကွာ"

"နာကျင်ခြင်း၊ မနာကျင်ခြင်းက မင်းအပေါ်မှာပဲမူတည်တယ် Chanyeol"

"Hyunee က ငါ့ကိုအဆုံးအစွန်ထိသူ့ကိုဆွဲထားစေချင်တာ..."

"ဆွဲထားပေးလိုက်ပါ....ကလေးက မင်းကိုသိပ်လိုအပ်နေတာ"

ကလေးငယ်စီ ကိုယ်အရောက်လှမ်းခဲ့မယ်။

သိပ်ချစ်တယ် ကလေးငယ်ရယ်။

PoisonWhere stories live. Discover now